Thursday, August 29, 2013

Barely Lethal တွင် ပါဝင်သရုပ်ဆောင်မည့် ဂျက်ဆီကာအယ်လ်ဘာ

Thursday, August 29, 2013

ဂျက်ဆီကာ အယ်လ်ဘာ အနေဖြင့် အက်ရှင် ဇာတ်ကားသစ် Barely Lethalတွင် ပါဝင် သရုပ်ဆောင်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ RKO Pictureက ဖန်တီးတင်ဆက်မည့် ဇာတ်ကား တွင် ဂျက်ဆီကာသည် ဟိုင်လီစတိန်းဖဲလ်နှင့် ဆမ်မြူရယ်လ် အယ်လ်ဂျက်ဆင်တို့နှင့် ပူးပေါင်းသွားမည်ဟု ဆိုသည်။ Highland Film Groupကနိုင်ငံတကာသို့ ဖြန့်ချီရုံတင်ရန် ရည်ရွယ်ထားသည့် ဇာတ်ကားကို
အောက်တိုဘာလ (၁၇)ရက်နေ့တွင် ရိုက်ကွင်းစတင်နိုင်ရန် စီစဉ်ထားပြီးဖြစ်သည်။

အဆိုပါ ဇာတ်ကားအတွက် ကိုင်လီနယူးမန်းက ဒါရိုက်တာအဖြစ် တာဝန်ယူပြီး ဇာတ်ညွှန်းကို ဂျွန်ဒီအာကိုက တာဝန်ယူခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။

RKO Pictureမှ တာဝန်ရှိသူတစ်ဦးက "Barely Lethalမှာ ဂျက်ဆီကာ ပါဝင်ဖို့သဘောတူညီမှုတည် ဆောက်နိုင်ခဲ့ပါတယ်။ ဂျက်ဆီကာလို အရည်အချင်း ပြည့်ဝတဲ့ မင်းသမီးနဲ့ ပူးပေါင်းလုပ်ဆောင်ခွင့်ရတာဟာ စိတ်လှုပ်ရှားစရာ အခြေအနေမျိုးပါ"ဟု ပြောကြားသွားသည်။ Fantastic Fourစတား မင်းသမီးသည် အဆိုပါ ဇာတ်ကားတွင် ဗီလိန်ဇာတ်ရုပ် ဗစ်တိုးရီးယားနော့စ်အဖြစ် သရုပ်ဆောင်သွားမည်ဟု သိရသည်။ ထိုဇာတ်ကားသည် ဆယ်ကျော်သက် လုပ်ကြံရေးသမား မီဂန်ဆိုသော မိန်းကလေး တစ်ဦး၏ ထိတ်လန့် သည်းဖို ဖြစ်ရပ်ကို ပုံဖော်ထားခြင်းဖြစ်သည်။

Planet Myanmar Network

No comments: