Monday, August 12, 2013

ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ရေးအတွက် မြန်မာကိုယ်စားလှယ်တွေ အမေရိကန်မှာလေ့လာ


Monday, 12 August 2013


ဘာသာရေးနဲ့နွယ်တဲ့ ပဋိပက္ခတွေဖြေရှင်းရေးအတွက် ဒုက္ခဆင်းရဲကြုံနေရတဲ့ ရခိုင်လူမျိုးတွေနဲ့ မွတ်စလင် တွေကို စိတ်ပိုင်းရုပ်ပိုင်းအရ အားပေးကူညီပြီး တပြိုင်နက်မှာ ရိုဟင်ဂျာကို တိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ်တောင်းဆိုချက်တွေကို နောက်ဆုတ်လိုက်မယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ပြဿနာတွေအေးငြိမ်းသွားနိုင်ပါတယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး
ပါတီ RNDP အထွေထွေအတွင်းရေးမှူး ဦးဦးလှစော က ဒီကနေ့ တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားတဲ့ နိုင်ငံတကာခေါင်းဆောင်များ လေ့ လာရေးအစီအစဉ် နဲ့ ဝါရှင်တန်ဒီစီကို ရောက်လာချိန်မှာ အခုလို ပြောကြားလိုက်တာပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားပေါင်းစုံအတူယှဉ်တွဲ နေထိုင်ရေးကဏ္ဍကိုလေ့လာဖို့ လာရောက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ၊ မွတ်စလင်၊ခရစ်ယာန် စတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေးအတွက် ဆောင်ရွက်နေသူ ဂ ဦး ပါဝင်ပါတယ်။

ကျန်တဲ့ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံမေးမြန်းခွင့်ရဖို့ RFA ကကြိုးစားဆက်သွယ်နေဆဲဖြစ်ပေ မယ့် သူတို့ရဲ့အစီအစဉ်တွေ ကြပ်တည်းနေတဲ့အတွက် လတ်တလော မေးမြန်းခွင့်မရသေးပါဘူး။ မြန်မာ တိုင်းရင်းသားနဲ့ ဘာသာရေးခေါင်းဆောင်တွေပါဝင်တဲ့ ဒီအဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂ ပတ်ကြာ နေထိုင်ပြီး ဝါရှင်တန် ဒီစီ၊ ဘော်စတွန်၊ နယူးအော်လင်းစ်နဲ့လော့စ်အိန်ဂျယ်လစ်မြို့တွေကို သွားရောက် လေ့လာမှာဖြစ်ပါတယ်။

RFA Burmese

No comments: