Saturday, August 31, 2013
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်လ်နှင့် ရုရှား ဒုတိယကာကွယ်ရေးဝန်ကြီး အနာတိုလီအန်တို နော့ဗ်တို့သည်ဆီးရီးယားနိုင်ငံကို စစ်ရေးအရ အရေးယူ တိုက်ခိုက်ရေးနှင့် ပတ်သက်၍ သဘောထား ကွဲလွဲ ခဲ့ကြောင်း သြဂုတ် ၃ဝ ရက် အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
အဆိုပါ သဘောထား ကွဲလွဲမှုသည် သြဂုတ် ၂၉ ရက်က ဘရူနိုင်းနိုင်ငံတွင် ကျင်းပပြီးစီးခဲ့သော အာဆီယံနှင့် ဒေသတွင်းနိုင်ငံများ၏ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးပွဲ (ADMM-Plus) ပြီးနောက် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်နိုင်ငံသည် ဆီးရီးယားအစိုးရက အတိုက်အခံတို့ကို ဓာတုလက်နက်များ အသုံးပြု တိုက်ခိုက်ခဲ့သည်ဟူသော ကိစ္စရပ်နှင့်ပတ်သက်၍ မည်ကဲ့သို့ ဖြေရှင်းဆောင်ရွက်မည်ကို မဟာမိတ်နိုင်ငံများနှင့် ဆွေးနွေး တိုင်ပင်လျက်ရှိကြောင်း၊ ဆီးရီးယား အား စစ်ရေးနည်းလမ်းဖြင့် အရေးယူ တိုက်ခိုက်သည် ဆိုပါက ထိုသို့လုပ်ဆောင်မှုသည် နိုင်ငံတကာက ပူးပေါင်း ဆောင်ရွက်မှု ဖြစ်သင့်ကြောင်း ဟေဂယ်လ်က ပြောကြားခဲ့သည်။
အနာတိုလီ အန်တိုနော့ဗ်က ဆီးရီးယားတွင် ဓာတုလက်နက်များ အသုံးပြုမှု ရှိ၊ မရှိနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်သော ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ၎င်း၏မစ်ရှင် ပြီးမြောက်သည် အထိ ဆောင် ရွက်ရန် အခွင့်အရေး ပေးသင့်ကြောင်း၊ အမေရိကန်နှင့် ဥရောပနိုင်ငံအချို့ အနေဖြင့် ဆီးရီးယားကို တိုက် ခိုက်ခြင်းမပြုမီ အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရလဒ်များအား ရုရှားနိုင်ငံနှင့် ဆွေးနွေးမှု ပြုလုပ်ရန် တိုက်တွန်းကြောင်းပြန်လည် ပြောကြားခဲ့သည်ဟု သိရသည်။
မြ၀တီ
No comments:
Post a Comment