Saturday, 24 August 2013
ဖောက်ခွဲရေး အကြမ်းဖက်သမားများ မြန်မာနိုင်ငံအတွင်း ဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများကြောင့် မြန်မာနိုင်ငံ နေရာ အများအပြားတွင် လုံခြုံရေးများ တင်းကျပ်ထားကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံမှ သိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် အတွင်းသို့ ရေကြောင်းမှ တစ်ဆင့် ဖောက်ခွဲရေးသမားများ ဝင်ရောက်လာမည်ဟူသည့် သတင်းများကြောင့် ကျေးရွာများအထိ လုံခြုံရေးအဆင့်မြှင့်တင်ထားကြေ
ရခိုင်ပြည်နယ်တွင်လည်း မြို့နယ်များစွာတွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် ဒေသခံများထံမှ သိရှိရသည်။
“သာသနိက အဆောက်အအုံတွေမှာ လုံခြုံရေးတွေ အရမ်းတိုးထားတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု ရခိုင်ပြည်နယ် မင်းပြားမြို့ဒေသခံ ဦးစိုးမင်းက မင်းပြားမြို့တွင် သြဂုတ်လ ၂၃ ရက်နေ့ က မြင်တွေ့ရမှုကို ရှင်းပြသည်။
ရခိုင်ပြည်နယ် မောင်တောခရိုင်တွင်လည်း ဖောက်ခွဲရေးသမားများ ဝင်ရောက်နိုင်သည်ဆိုသည့် သတင်းများကြောင့် လုံခြုံရေး အစီအမံများ အထူးတိုးမြှင့် လုပ်ဆောင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများက သြဂုတ်လ ၇ ရက်နေ့မှ စတင်ကာ ညွှန်ကြားစာများ ထုတ်ပြန်ခဲ့ကြောင်း အဆိုပါရုံးများမှ သိရှိရသည်။
စစ်တွေမြို့တွင် ဒုက္ခသည်စခန်းများနှင့် မြို့အစပ်တို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း စစ်တွေမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
မြိတ်ခရိုင်တွင် ဝင်ရောက်ဖောက်ခွဲမည်ဟု ယူဆရသည့် ဖောက်ခွဲရေးသမား သုံးဦး၏ အမည်နှင့် ဓာတ်ပုံများကို တပ်မတော်သားများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို
The Voice Weekly
No comments:
Post a Comment