Tuesday, 13 August 2013
အိန်္ဒိယနိုင်ငံ တမီးလ်နာဒူ ပြည်နယ် ချန်နိုင်းမြို့တွင် ရာဟုလာ အမည်ရှိ သုံးလသား ကလေးငယ် တစ်ဦးသည် ခန္ဓာကိုယ် အတွင်း အလိုအလျောက် မီးတောက်လောင်သည့် ဝေဒနာကို ခံစားခဲ့ရပြီးနောက် ကိုယ်ခန္ဓာလောင်ကျွမ်းမှုဝေဒနာကို ခံစားခဲ့ရကြောင်း သိရသည်။
သို့သော် ယခုအခါတွင် ၎င်း၏ အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ကြောင်းကီလ်ပေါက်ခ် ဆေးပညာ ကောလိပ် ဆေးရုံ(KMCH)မှ ဆရာဝန်များက သြဂုတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ကလေးငယ်သည် ခန္ဓာကိုယ်အတွင်းမီးတောက်လောင်သည့် ဝေဒနာကို သီတင်းပတ် လေးပတ်ကြာ ခံစားခဲ့ရပြီး ခန္ဓာကိုယ် ပေါ်တွင် မီးလောင်ဒဏ်ရာများပါ ခံစားခဲ့ရကြောင်း ရာဟုလာ၏ မိခင်ဖြစ်သူက ပြောကြားခဲ့သည်။
ထို့ကြောင့် ၎င်းကလေးငယ်အား KMCH ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ကလေးငယ်၏ ၀မ်းဗိုက်နှင့်ရင်ဘတ် ပိုင်းတွင် ခံစားနေရသော မီးလောင်ဒဏ်ရာကဲ့သို့ ဒဏ်ရာများကို ဆရာဝန်များက ကုသပေးခဲ့ပြီး နောက်တွင် ၎င်း၏အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိတော့ပေ။ သို့သော် ၎င်းအားစောင့်ကြည့် စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင် သွားရမည် ဖြစ်ပြီး အခြေအနေ ကောင်းမွန် လာပါက သီတင်းပတ် နှစ်ပတ်အတွင်း ဆေးရုံမှ ဆင်းရဖွယ် ရှိကြောင်း KMCH ဆေးရုံရှိ Pediatrics ဌာနမှ အကြီးအကဲ အာနာ ရာယနာ ဘာဘူက IANS သတင်းဌာနသို့ သြဂုတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။
မြ၀တီ
No comments:
Post a Comment