Tuesday, August 20, 2013
သဉ္ဇာကတော့ ရိုက်နေတဲ့အ ချိန်မှာဘယ်ကားကပေါက်မယ်။ ဘယ်ကားက မပေါက်ဘူးဆိုတာထက် ကိုယ် ရိုက်မယ့်လူ၊ ကိုယ့်ကိုခေါ်မယ့် Producer ကလည်း ကိုယ့်ရဲ့ လုပ်အားနဲ့သူပေးရတဲ့ ပိုက်ဆံတန် အောင် ပြီးတော့ ကိုယ့်ကိုကြည့်နေ တဲ့ပရိသတ်ကလည်း သူတို့ပေးထား တဲ့အချိန်နဲ့ကိုယ့်ရဲ့ အနုပညာနဲ့ တန်အောင်လို့ အကောင်းဆုံးလုပ်တာပါ ပဲ။ ပေါက်တာ၊ မပေါက်တာထက် သÍ္ဇာ့အနုပညာပြဖို့ကို ပိုပြီးတော့မှ Target ထားပါတယ်။ အဓိကက တော့ ဇာတ်လမ်းလည်းကွာတယ်။
ဇာတ်လမ်းကောင်းတဲ့ကားဆိုရင် လူ တွေကပြီးတဲ့အထိကြည့်တယ်။ ဒါက သဉ္ဇာတို့လည်း အဲဒီအတိုင်းပါပဲ။ သဉ္ဇာလည်း ဗီဒီယိုကားလေးတွေ ငှားကြည့်တယ်ဆိုရင် ကားကောင်းတယ်။
ဇာတ်လမ်းလေးလည်း ကောင်းတယ်ဆိုရင်ပြီးတဲ့အထိကြည့် တယ်။ အဓိကကတော့ ပရိသတ်တွေကြိုက်တဲ့ ကားနဲ့ ကိုယ်ကိုယ်တိုင် ကြိုက်တဲ့ကားနဲ့ကတော့ အမြဲတမ်း ထပ်တူကျတာများပါတယ်။ ဓာတ်ပုံ ဆိုရင်လည်း ဒီလိုပဲလေ။ လူတစ် ယောက်က ဒီဓာတ်ပုံကိုလှတယ်လို့ ပြောသလို တခြားတစ်ယောက်က မလှဘူးလို့ပြော တယ်ပေါ့။ အဲဒီလို အမျိုးမျိုးပဲ။ ဒီလိုဗီဒီယိုကားတွေမှာ ဆိုရင် တစ်နာရီခွဲလောက်ကြည့်ရ တဲ့အချိန်မှာ ပရိသတ်က တစ်ကွက် ကလေးပဲ ကြိုက်သွားတယ်ဆိုရင်လည်း ဒီတစ်ကွက်ကလေးနဲ့ ကိုယ့်ကိုအမြဲတမ်း အမှတ်တရနေတာမျိုး တွေလည်းရှိတယ်ဆိုတော့ အဓိက ကတော့ဘယ်အခန်းမဆိုအကောင်း ဆုံးဖြစ် အောင်လုပ်ပြီးတော့မှပဲ ပေါက်ဖို့မျှော်လင့်ရတာပါပဲ။ တချို့ ကားတွေ ပရိသတ်မသိတဲ့အခါရော သÍ္ဇာစိတ်ထဲ မှာ ဘယ်လိုဖြစ်မိသေးလဲဆိုတာကိုတော့ ]တချို့ကားလေး တွေကျတော့ ကိုယ်ကိုယ်တိုင်က အများကြီးလုပ် ထားတယ်။ ဒါပေမဲ့ အဲဒီလိုအကုန်လုံးကားပြီးသွားတဲ့အခါမှာ ထင်သလောက်ကြီး မကောင်းတာမျိုးလေးတွေ ဖြစ်တယ်ဆိုတော့ ကိုယ်ကိုယ်တိုင်လည်းနောက်တစ် ခါရိုက်တဲ့အခါမှာ ဘယ်လိုပိုကောင်း အောင်လုပ်မယ် ဆိုတာမျိုးလေးတွေ တော့ သိသွားတာပေါ့။ အဲဒီတော့ အမြဲတမ်းကောင်းအောင်လုပ်ဖို့ကတော့ သဉ္ဇာ အမြဲတမ်းကြိုးစားပါတယ်။
8 DAYS A WEEK ENTERTAINMENT
No comments:
Post a Comment