တနင်္ဂနွေနေ့က ကျင်းပသော မီတာ(၁၀၀) ကမ္ဘာ့ချန်ပီယံရှစ် တာတို
အပြေးပြိုင်ပွဲတွင် ဘော့တ်အနေဖြင့် အောင်မြင်စွာ ဗိုလ်စွဲခဲ့ပြီး ၎င်း၏
စံချိန်ကောင်းများအတွက် ခမ်းခမ်းနားနား ရပ်တည်နိုင်ခဲ့သည်။
ကမ္ဘာ့အမြန်ဆုံး လူသားဆိုသော ချီးကျူးဂုဏ်ပြုမှုများကို အူစိန်ဘော့တ် အနေဖြင့် အောင်မြင်စွာ ဆက်လက် ထိန်းသိမ်းထားခဲ့ပြီ ဖြစ်သည်။ တနင်္ဂနွေနေ့က ကျင်းပသော မီတာ(၁၀၀) ကမ္ဘာ့ချန်ပီယံရှစ် တာတို အပြေးပြိုင်ပွဲတွင် ဘော့တ်အနေဖြင့် အောင်မြင်စွာ ဗိုလ်စွဲခဲ့ပြီး ၎င်း၏ စံချိန်ကောင်းများအတွက် ခမ်းခမ်းနားနား ရပ်တည်နိုင်ခဲ့သည်။ လွန်ခဲ့သည့် (၂)နှစ်က တောင်ကိုရီးယားတွင် တာထွက်မှားခဲ့ဖူးသော် လည်း မော်စ ကိုတွင် ကျင်းပသည့် ပြိုင်ပွဲ၌မူ ဂျမေကာ အပြေးချန်ပီယံသည် လျှပ်စီး ၏ မြန်နှုန်းမျိုးဖြင့် အတိမ်းအစောင်း အလွဲအချော်မရှိ အောင်ပွဲခံနိုင်ခဲ့သည်။
ပြိုင်ပွဲ မတိုင်မီက အတန်ငယ် ခြေထောက် နာကျင်မှု ရှိခဲ့သော် လည်း ဘော့တ်သည် ၎င်းအပေါ် သံသယ မရှိသင့်ကြောင်း လက်တွေ့ သက်သေထူသွားခဲ့သည်။ကျွန်တော်
ပြိုင်ပွဲဝင်ခဲ့တယ်။ ကျွန်တော့် ဆုတံဆိပ်ကို အောင်အောင်မြင်မြင်
ပြန်ယူပြခဲ့တယ်။ ဒါဟာ ကျွန်တော့်အတွက် သိပ်ကောင်းတဲ့ ခံစားချက်ပါပဲဟု
ပွဲအပြီးတွင် ၎င်း၏ နာမည်ကျော် လေးပစ်သည့် ကိုယ်နေဟန်ဖြင့် အောင်ပွဲခံခဲ့သူ
ဘော့တ်က ဆိုသည်။ ၎င်းကကျွန်တော် ဒီကိုလာတာ ပြိုင်ဘက်တွေကို အနိုင်ယူဖို့ပါ။
လက်တွေ့လည်း လုပ်ဆောင်နိုင်ခဲ့တယ်ဟုလည်း ပြောကြားခဲ့သည်။
ဘော့တ်နှင့် အပြိုင်ကြဲခဲ့သည့် (၂၀၀၄)ခုနှစ်၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် အမေရိကန်သား ဂျက်စတင် ဂတ္တလင်က လူတွေက မိုးရေထဲမှာ ပြေး ရတာကို တကယ့် အထင်ကရ ပွဲတစ်ခု အနေနဲ့ မျှော်လင့်ထားတာပါ။ တကယ်လည်း သူတို့ ထင်တဲ့အတိုင်း ဖြစ်ခဲ့တယ်ဟု မှတ်ချက်ပြု ခဲ့သည်။ ဘော့တ်သည် လုဇ်နီကီ ကွင်းကြီးတွင် ပြုလုပ်သော ပြိုင်ပွဲ၌ မီတာ(၁၀၀)ကို (၉.၇၇)စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။ သို့သော် ယင်းသည် ၎င်း၏ လက်ရှိ ကမ္ဘာ့စံချိန်ထက် (၀.၁၉)စက္ကန့် ပိုနှေးခဲ့သည်။ ဂတ္တလင်က (၉.၈၅)စက္ကန့်ဖြင့် ဒုတိယ ရခဲ့ပြီး ဘော့တ်၏ တစ်နိုင်ငံတည်းသား နက်စ်တာ ကာတာကမူ (၉.၉၅)စက္ကန့်ဖြင့် တတိယ ချိတ်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network
ကမ္ဘာ့အမြန်ဆုံး လူသားဆိုသော ချီးကျူးဂုဏ်ပြုမှုများကို အူစိန်ဘော့တ် အနေဖြင့် အောင်မြင်စွာ ဆက်လက် ထိန်းသိမ်းထားခဲ့ပြီ ဖြစ်သည်။ တနင်္ဂနွေနေ့က ကျင်းပသော မီတာ(၁၀၀) ကမ္ဘာ့ချန်ပီယံရှစ် တာတို အပြေးပြိုင်ပွဲတွင် ဘော့တ်အနေဖြင့် အောင်မြင်စွာ ဗိုလ်စွဲခဲ့ပြီး ၎င်း၏ စံချိန်ကောင်းများအတွက် ခမ်းခမ်းနားနား ရပ်တည်နိုင်ခဲ့သည်။ လွန်ခဲ့သည့် (၂)နှစ်က တောင်ကိုရီးယားတွင် တာထွက်မှားခဲ့ဖူးသော် လည်း မော်စ ကိုတွင် ကျင်းပသည့် ပြိုင်ပွဲ၌မူ ဂျမေကာ အပြေးချန်ပီယံသည် လျှပ်စီး ၏ မြန်နှုန်းမျိုးဖြင့် အတိမ်းအစောင်း အလွဲအချော်မရှိ အောင်ပွဲခံနိုင်ခဲ့သည်။
ပြိုင်ပွဲ မတိုင်မီက အတန်ငယ် ခြေထောက် နာကျင်မှု ရှိခဲ့သော် လည်း ဘော့တ်သည် ၎င်းအပေါ် သံသယ မရှိသင့်ကြောင်း လက်တွေ့ သက်သေထူသွားခဲ့သည်။ကျွန်တော
ဘော့တ်နှင့် အပြိုင်ကြဲခဲ့သည့် (၂၀၀၄)ခုနှစ်၊ အိုလံပစ် ရွှေတံဆိပ်ဆုရှင် အမေရိကန်သား ဂျက်စတင် ဂတ္တလင်က လူတွေက မိုးရေထဲမှာ ပြေး ရတာကို တကယ့် အထင်ကရ ပွဲတစ်ခု အနေနဲ့ မျှော်လင့်ထားတာပါ။ တကယ်လည်း သူတို့ ထင်တဲ့အတိုင်း ဖြစ်ခဲ့တယ်ဟု မှတ်ချက်ပြု ခဲ့သည်။ ဘော့တ်သည် လုဇ်နီကီ ကွင်းကြီးတွင် ပြုလုပ်သော ပြိုင်ပွဲ၌ မီတာ(၁၀၀)ကို (၉.၇၇)စက္ကန့်ဖြင့် ပန်းဝင်ခဲ့သည်။ သို့သော် ယင်းသည် ၎င်း၏ လက်ရှိ ကမ္ဘာ့စံချိန်ထက် (၀.၁၉)စက္ကန့် ပိုနှေးခဲ့သည်။ ဂတ္တလင်က (၉.၈၅)စက္ကန့်ဖြင့် ဒုတိယ ရခဲ့ပြီး ဘော့တ်၏ တစ်နိုင်ငံတည်းသား နက်စ်တာ ကာတာကမူ (၉.၉၅)စက္ကန့်ဖြင့် တတိယ ချိတ်ခဲ့ကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment