Wednesday, August 14, 2013

မွန်လက်နက်ကိုင် အဖွဲ့တဖွဲ့ လက်နက်ချ


Wednesday, August 14, 2013


ထိုင်း - မြန်မာ နယ်စပ် ၊ ထားဝယ်ခရိုင် အတွင်း လှုပ်ရှားလျက်ရှိသောဟံသာဝတီ ပြန်လည် ထူထောင်ရေး( နိုင်ပန်းညွန့် ) အဖွဲ့မှ ဗိုလ်မှူးအဆင့်ရှိသော နိုင်အောင်ကျနိုက် ၃၁ နှစ် ဦးစီး အဖွဲ့ဝင် ၈ ဦး တို့သည် သြဂုတ်လ၁၁ ရက်နေ့ ည ၉ နာရီခွဲက AK-47 သေနတ် ၂ လက် ၊ ပွိုင့် ၃၀ ကာဘိုင်သေနတ်တစ်လက် ၊ ပွိုင် ၂၂ သေနတ် တစ်လက် ၊ ပွိုင့် ၂၂ တစ်ထောင့်ထိုး သေနတ်တစ်လက် ၊ပွိုင့် ၃၈ ခြောက်လုံးပြူး အရှည် သေနတ် တစ်လက် ၊ ပွိုင့် ၃၈ခြောက်လုံးပြူး အတို သေနတ် တစ်လက် ၊ လက်ပစ်ဗုံး တစ်လုံး ၊ လမ်းလျှောက် စကားပြောစက် တစ်လုံး ကျည်မျိုးစုံ ၇၁ တောင့် ၊ ကျည်အိမ်မျိုးစုံ ၇ ခုတို့နှင့် အတူ သံဖြူဇရပ် မြိုရှိ တပ်မတော်စစ်ကြောင်းထံသို့ အလင်းဝင် ရောက်ခဲ့သည်။


အလင်းဝင် ရောက်လာသော ဟံသာဝတီ ပြန်လည် ထူထောင်ရေး ( နိုင်ပန်းညွန့် ) အဖွဲ့မှဗိုလ်မှူးအဆင့်ရှိ သော နိုင်အောင်ကျနိုက် ၃၁ နှစ် ၊ ဗိုလ်ကြီး အဆင့်ရှိသော နိုင်ကလပ်စွန်း ၃၄ နှစ် နှင့် ထူးထူးစိတ် ၅၅ နှစ် ၊ အရာခံဗိုလ် အဆင့်ရှိသော အထူး ၃၇ ၊ တပ်သား အဆင့်ရှိသော ချန်တရော့ ၂၂ နှစ် ၊ နိုင်အ၀ ၃၃ နှစ် ၊ပလိုင်စိုး ၂၁ နှစ် ၊ အောင်ကျနိုက် ၂၆ နှစ်တို့အား တပ်မတော် စစ်ကြောင်းမှ လိုအပ်သည့် ကူညီ ထောက်ပံ့မှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Phophtaw News Association

No comments: