Thursday, August 22, 2013

၈၈၈၈ တစ္ဆေ အပိုင်း(၂ )


Thursday, 22 August 2013
တဖြည်းဖြည်းနှင့် လူသတ်မှူများ လုယက်မှူများ အဖြစ်အပျက်တွေစိပ်လာတော့သည်။ လှိုင်၊ကြည့်မြင်တိုင်၊ တာမွေသချိုင်း၊ဒဂုံဆိပ်ကမ်းလူသတ်မှူ တွေကလည်း ကြောက်စရာပင်။ယခင်ကတည်းကရန်ငြိုးရန်စရှိဖူးသူတွေကိုလည်းမိမိဘာသာလုံခြုံရေးတာဝန်ယူထားသူတွေက ကြိုက်တဲ့ပုဒ်မတပ်ပြီး ကြက်ကလေး၊ငှက်ကလေးသတ်သလို လွယ်လွယ်ပဲသတ်နေကြသည်။အစိုးရမကျေနပ်၍အစိုးရအားဦးမတည်ပါပဲမိမိတို့အချင်းချင်းနှင့်ဘာမဆိုင်ညာမဆိုင် ဝန်ထမ်းတွေများကိုပါအငြိုးနဲ့သတ်ဖြတ်ကြ နှိပ်စက်ကြနဲ့ရန်ကုန်မြို့ကြီးကကပ်ဆိုဒ်ဒေသကြီးတစ်ခုဖြစ်နေခဲ့ရသည်။အဆိုးဆုံးကတော့ရဲကင်းများရဲစခန်းများအားမကြာခဏဝင်ရောက်စီးနင်းခံရပြီးရဲတပ်ဖွဲ့ဝင်များအားအသားကိုဓါးနဲ့မွန်း၊လှံနဲ့ထိုး ပြီးမှ ခေါင်းဖြတ်သတ်သည့်သတင်းများလည်နားနှင့်မဆန့်ကြားနေခဲ့ရသည်။သဃန်းကျွန်းဘီအိုစီလမ်းဆုံကလူ သတ်မှူကတော့အဆိုးဆုံးဟုဆိုရမည်။ဂိုဒေါင်တွေ အဖောက်ခံရ ဆိုင်တွေ အဖောက်ခံရဖြစ်နေသောအချိန် ရပ်ကွက်တွေကိုမီးရှို့မယ် ရေကန်တွေကိုအဆိပ်ခတ်မယ်စသည်ဖြင့်မည်သူလွင့်မှန်းမသိသောသတင်းများနှင့် အိမ်နီးချင်းအချင်းချင်းပင် သံသယဝင်နေတော့ ဘေးလူ သူစိမ်းများအဖို့ ကြမ္မာငင်စရာပင်။


မောင်ငယ် ထွန်းလွင်မှ သူကြားသိမြင်ခဲ့ရသော အကြောင်းကို ပြန်ပြောနေချိန်ဝယ် ဒေါ်အေးသိန်း နားထောင်ရင်း သွေးတတ်မတတ်ခံစားနေရသည်။လူ ၇ ယောက်ကို ဖမ်းပြီးတစ်ညလုံး နည်းပေါင်းစုံနှင့် နှိပ်စက်ပြီးသတ်မည့်ဆဲဆဲ ရဟန်းပျိုသမဂ္ဂက ကယ်ထားပါလျှက် ဦးဇင်းတွေကိုလည်း လိုက်ရိုက်ပြီး ကယ်ထားသော လူ ၇ ယောက်ကို ခေါင်းဖြတ်ကာ တရားရုံးရှေ့က ခုံတန်းလျှားကြီးမှာအစီအရီတင်ထားပြီးလမ်းဆုံမှာချပြထားခဲ့သည်တဲ့။ ခေါင်းမရှိတဲ့ခန္ဓာကြီးတွေကိုလည်းရုပ်ရှင်ရုံနားမှာပစ်စလတ်ခတ်ကြီးပစ်ချထားခဲ့ သည်တဲ့။မြတ်စွာဘုရားကယ်တော်မူပါ...ဒါဟာရန်ကုန်မြို့ကြီးလားလို့ မေးစရာတွေဖြစ်ရတော့သည်။ မည်သူ တစ်ဦးတစ်ယောက်ကမှ လာရောက်ထိန်းသိမ်းတာမရှိခဲ့ပေ။သတင်းစာတွေမှာတော့ ပြန်ကြားချက်တွေ ကြေငြာချက်တွေ ထုတ်ပြန်နေပေမယ့် တကယ့်အခြေအနေမှာတော့ ဘယ်သူ ဘယ်သူမှ လာရောက်ကူညီ ထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိတော့ ။ ယခုအချိန်မှာ နာမည်ကြီးနေတဲ့ ခေါင်းဆောင်ဆိုသူတွေ ထိုအချိန်တုန်းက တစ်ယောက်မှ မရှိခဲ့၊တစ်ချို့ဆို ကြားပင်မကြားဖူးခဲ့ ။

အဆိုးဝါ်းဆုံးအခြေအနေတွေက လာပြီးရင်လာနေတော့သည်။ အင်္ဂလိပ်စကားပုံတစ်ခုလို ကံဆိုးမှူတွေဟာ အပေါင်းအဖော်နဲု့လာတယ် ဆိုသလိုမျိုးပင်။ရဲစခန်းတွေဝင်စီးပြီး..ရဲတွေကို..သတ်လိုက်ကြတယ်...ပြီးတော့....သေနတ်တွေပါသွားပြီ.....ဘယ်သူတွေယူသွားတယ်မသိဘူး ဆိုသောသတင်းတွေနောက်မှာ အခြေအနေတွေ ပိုဆိုးပြီးရင်းဆိုးလာခဲ့သည်။ သံသယမျက်နှာဖုံးတွေက ပို၍သံယောဇဉ်အကြင်နာတရားတွေမဲ့လာခဲ့သည်။ ဂျင်ကလိနဲ့ပစ်ဓါးနဲ့ခုတ်နေတာတောင်ဒီလောက်ဆိုးရွှားနေတာ သေနတ်တွေနဲ့သာဆိုရင်...ဆိုတဲ့ အတွေးတွေ လူတွေထဲဝင်ကုန်ပြီး ထင်ရာမြင်ရာတွေ လုပ်ကုန်တော့သည်။ထိုနေ့ကကိုသိန်းနိင်မျက်နှာမကောင်းစွာဖြင့် ပြန်လာ သည်။သူကိုယ်တိုင်မြင်တွေ့ခဲ့ရသောအဖြစ်ကို ပြောသောအခါ ဒေါ်အေးသိန်းအဖို့ မိမိနားပင်မိမိ မယုံချင်တော့။ကိုသိန်းနိုင်အပြောအရ လူအုပ်ကြီးတစ်ခုမှ ငမိုးရိပ်ရဲကင်းကိုဝင်ရောက်စီးနင်းလိုက်သည်။မိမိ၏စတင်းသေနတ်ကိုလူအုပ်ကို အပ်ပြီး အဖမ်းခံတဲ့ရဲကို အမျိုးသမီးတစ်ယောက်က ရဲတင်းနဲ့တောင် ခုတ်သတ်လိုက်သေးတယ်။ထိုအမျိုးသမီးမှာတင်ထွေးဟုခေါ်ကြောင်းလည်းပြော၏။မိန်းကလေးများပင် သရဲသဘက်စီးကုန်ပြီလော။ရဲတွေတောင် အသတ်ခံရပြီဆိုမှတော့အုပ်ချုပ်ရေးယန္တရားကြီးပျက်စီးနေပြီဆိုသောသဘောတည်း ။ဘုရားနဲ့ကိုယ့်အားကိုယ်ကိုးဖို့ကလွဲရင်ဘာမျှမတတ်နိုင်ကြ။အာဖရိက စကားပုံလို ဘုရားဟာ အာဖရိကမှာ မနေဘူး ဆိုသလိုမျိုး သမ္မာဒေဝနတ်တွေကမ္ဘာမြေစောင့်နတ်မင်းကြီးတွေ မြန်မာကိုလှည့်မကြည့်တော့ဘူးလားလို့ ဒေါ်အေးသိန်းဘုရားရှိခိုင်းတိုင်းတိုင်တည်မိနေခဲ့တော့သည်။။ဒဂုံဘက်မှာဆိုရင် ကိုယ်ဝန်ဆောင်သည်ကိုတောင် ရက်ရက်စက်စက် သတ်ပစ်ခဲ့ကြသည်။ထို့အပြင်ကလေးဆေးရုံနားက ရေတွင်းကိုအဆိပ်ခတ်လို့ ဟူ၍ထိုနေရာတဝိုက်တွင်ရှိတတ်သောလက်လုပ်လက်စားတွေ အမှိုက်ကောက်သူတွေကိုပါ လူသတ်ပွဲကြီးဆင်နွဲတော့သည် ။(ထိုနေရာတွင် ယခုတိုင် မကျွတ်မလွတ်သော နာနာဘာဝများ မကြာခဏ တွေ့နေရသည် ဟု အဆိုရှိ၏)

အခြေအနေဆိုးကတဖြည်းဖြည်းတည်ငြိမ်လာတဲ့အချိန်တွင် ရောင်ကြီးဗွေဆိုသော တုတ်ပြီး ဓါ်းပြီး လူမိုက် အဖမ်းခံရပြီးချိန်မှ ဆိုးတူဆိုးဖက်အဖွဲ့တွေကို ဖွင့်ချတဲ့အပြင် သူ့လုပ်ရပ်တွေမှားခဲ့တယ် အားလုံးဟာ စားစရာမရှိလို့လုပ်ချင်တာလုပ်ရင်း တမင်ဆိုးခိုးရင်း အာဃသတွေ အငြိုးတွေရှင်းခဲ့ကြတယ်လို့ဖွင့်ချခဲ့သည်။။ဤအဖြစ်သနစ်တို့သည် မြန်မာနိုင်ငံကြီးရဲ့ ဒီမိုကရေစီတော်လှန်ရေးတွင်ဖြစ်ပွါးခဲ့သည် ။ထိုစဉ်က ထိုအဖြစ်ဆိုးကို ဖန်းတီးခဲ့သူ တာဝန်ယူနိုင်သူ ဒီမိုကရေစီ ခေါင်းဆောင်ဆိုသူတွေ ယခုတိုင်ထိုအရိပ်မည်းကြီးကိုတာဝန်မယူကြ ပြန်လည်တောင်းပန်ခြင်းမပြုကြ။ကျောင်းသားတွေကစဖြစ်တယ်ဆိုရင်လည်းဘယ်မလဲ ကျောင်းသားတာဝန်ရှိသူတွေဟု မိအေးသိန်း မေးချင်သည် ။

ယခုခေတ် ပွင့်လင်းဒီမိုကရေစီခေတ်မှ သူ့အကြောင်းကိုဖော် ကိုယ့်အကြောင်းသူဖော်နဲ့ ခေတ်စားလာချိန်တွင် ‘မေးပါရစေ လူသတ်မှူတွေ ခေါင်းဖြတ်မှူတွေကို ဘယ်သူတာဝန်ယူဖြေရှင်းပေးမှာလဲ’ ။ဒေါ်အေးသိန်းကတော့၈၈လိုအရေးအခင်းကြီးဘယ်တော့မှ ပြန်မဖြစ်စေချင်တော့ပေ ။ ဒေါ်အေးသိန်း ရင်ထဲ အသည်းထဲတွင်တစ်စုံတစ်ခုကို နားလည်ခဲ့ပါသည် ။ ၈၈ ဆိုတာ အာဏာရှင်တော်လှန်ရေးနာမည်တပ့်ပြီး အာဏာရူးတွေ အာဏာလုပြီး အာဏာအပြိုင်ပြခဲ့ကြတဲ့ ပွဲကြီး ရယ်လို့ ခိုင်ခို်င်မာမာပြောရဲသည်။

ဒေါ်အေးသိန်း အမြဲတမ်းဆုတောင်းနေမိသည်။လမ်းထဲက လူမိုက်၊ နောက်လိုက်ကောင်းတဲ့လူအုပ်မူးရူးပြီးဓါးကိုင်ထားရင်ကို ကြောက်ရတဲ့ခေတ်ကြီး စားစရာမရှိလို့ အပြင်ထွက် စားစရာရှာရင်တောင် ဘယ်အချိန်ပြန်လာမလဲ လမ်းမှာများ အသတ်ခံနေရပြီလား အားကိုးမရှိတုန်း အိမ်ထဲဝင် ဆွဲလားရမ်းလားလုပ်မလား ဓါးပြတိုက်မလား ဆိုတာကြီးကို ၂၄ နာရီလုံးလုံ့း ရင်ထိတ်ရတဲ့ ဘဝကြီးကို ပြန်မရောက်ချင်တော့ဘူး ။ကိုယ့်ကိုကိုယ် လုံခြုံရေးတာဝန်ရှိသူဆိုပြီး လှံတွေကိုင်ဓါးတွေလွယ်ပြီး ကိုယ့်အာစရိယဆရာသမား ကိုလည်း သံသယ စာရင်းထဲထည့် သတ်ဖြတ်နေခဲ့တဲ့ ၈၈၈၈ တစ္ဆေတွေရဲ့ သွေးဆာနေတဲ့ မျက်လုံးတွေ အခုထိ မြင်ယောင်တိုင်းကျောချမ်းနေဆဲပင်။ယခုတီဗီသတင်းတွေမှာ တွေ့ ရသော ကမ္ဘာတလွားရှိ အာဏာရှင်ဖြုတ်ချသော သတင်းများနှင့် ထိုနိုင်ငံတွေမှာဖြစ်ပျက်နေတဲ့ ဆိုးကျိုးဖြစ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ တစ်ခေတ်တစ်ခါက ၈၈၈၈ ကာလကြီးကို မမှီပါဘူးလို့ ဒေါ်အေးသိန်း သိ၏ ။

ဒေါ်အေးသိန်း ဘဝတွင် တစ်ကြိမ်တစ်ခါသာ သရဲသစ္ဆေခြောက်ခံဖူး၏ ။ပြန်တွေးတိုင်း ကြက်သီးထဖွယ်တစ္ဆေကြီးပင်။ပြန်လည်တွေးတိုင်း အနိဌာရုံများ သွေးနံများဖုံးလွမ်းနေသော မြင်ကွင်းက ပြန်လည်ရရှိလာ၏။ ယခုတော့ ဒေါ်အေးသိန်း ဘုရားရှိခိုးတိုင်း ဆုတောင်းနေတော့သည် ။ ၈၈ ဆိုသော တစ္ဆေကြီးကို အသက်သွင်းသူများ အား လူ့လောကသို့ ပို့ဆောင်ခြင်းမပြုပါနှင့်တော့ ဘုရား ဟူ၍သာ ။

(မိခင်ကြီးပြောပြသော ၈၈ ကာလ အတွေ့အကြုံများအား ဖတ်ရှူ၍ကောင်းအောင် စာပြန်စီပါသည်-မင်းဇော်)

No comments: