Friday, August 30, 2013
စက်တင်ဘာ၁ရက်မှ ၁၆ရက်အတွင်း ဓနုရာသီလဂ်နှင့် အဘိဇိနက္ခတ် တို့ ပူးယှဉ်နေခြင်းတို့ကြောင့် ထို ကာလအတွင်း မွေးဖွားမည့်သူများသည် ကမ္ဘာသိ နိုင်ငံကျော် ခေါင်းဆောင်၊ ပုဂ္ဂိုလ်များ ဖြစ်လာနိုင်ကြောင်း နက္ခတ် သိပ္ပံကျောင်းမှ သိရသည်။ နိုင်ငံတကာရေးရာ နက္ခတ် သိပ္ပံကျောင်းမှ အမှုဆောင်အရာရှိချုပ် ဦးဇေယျာကိုက ''ဒီကာလ မှာမွေးလာမယ့်ကလေးတွေဟာ နောင်အနာဂတ် တိုင်းပြည်ရဲ့ အကြီးအကဲခေါင်း ဆောင်၊ ကမ္ဘာကသိတဲ့ ကျော်ကြားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်လာပါလိမ့်မယ်။ လူထုက ချစ်ခင်တောင့်တပြီး ပြည်သူ့ အကျိုးသယ်ပိုးနိုင်တဲ့ခေါင်းဆောင် ဖြစ်လာမှာပါ''ဟု ပြောသည်။
ထိုကာလတွင် နေ့လယ်ခင်း များ၌ ဓနုလဂ်နှင့် အဘိဇိနက္ခတ်တို့ ပူးယှဉ်နေမည်ဖြစ်ကြောင်းနှင့်ယင်းနက္ခတ် ကြယ်သည် ဓနုရာ သီ ၂၁ဒီဂရီ ၂ရမိနစ်နှင့် မြောက်လတ္တီတွဒ် ၃၈ဒီဂရီ ၄ရမိနစ်တွင် တည်ရှိနေပြီး အလွန် တောက်ပသောကြယ်တစ်ပွင့်ဖြစ်ကြောင်း သိရသည်။ အဆိုပါနက္ခတ်ကြယ် အဘိ ဇိသည် ပါဠိစကားဖြစ်ပြီး အောင် နိုင်စိုးမိုးခြင်းဟု အဓိပ္ပာယ်ရကာ မာန်ဟုန်ရှိတဲ့သိန်းငှက်လို အဆက်မပြတ် ပျံသန်းနိုင်ခြင်းဟူ၍လည်း ဂရိတို့က ယူဆကြကြောင်း ဦးဇေယျာကိုက ပြောသည်။
ယင်းကဲ့သို့ ဖြစ်နိုင်ရန် ရာ ထူးဂြိုလ် တနင်္ဂနွေ၊ အလုပ်အ ကိုင်ဂြိုလ် ဗုဒ္ဓဟူး၊ စီးပွားရေးနှင့် ငွေကြေး သောကြာ ဂြိုလ်နှင့် စနေဂြိုလ်တို့သည်လည်း အားကောင်းစွာ တည်ရှိနေပြီး ကြာသပတေး ဂြိုလ်၏ ရပ်တည်မှုကြောင့် ဩဇာ အာဏာရယူပိုင်ဆိုင်မှုတွေလည်း အားကောင်းစွာတည်ရှိနေသည်။ ယင်းနက္ခတ်နှင့် ယဉ်တွဲ၍ မွေးဖွား ခဲ့ကြသော ကမ္ဘာကျော် ပုဂ္ဂိုလ်များမှာ ငြိမ်းချမ်ရေးဗိသု ကာဖြစ်သူ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
ဟောင်း ဦးသန့်၊ မဆလခေတ် အကြီးအကဲ ဦးနေဝင်း၊ တပ်မတော်အစိုးရလက်ထက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဘုရင် ဟီရိုဟီတို အစရှိသည့် ပုဂ္ဂိုလ်များအပြင် အမေရိကန်နိုင်ငံမှ ဝါရှင်တန် ဒီစီမြို့တော်နှင့် တရုတ် နိုင်ငံ ပေကျင်း(ပီကင်း)တို့သည်လည်း ယင်း နက္ခတ်နှင့် ယှဉ်တွဲစိုးမိုးထားသောကြောင့် ကမ္ဘာပေါ်တွင် ထင်ရှားနေရကြောင်းလည်း သိရသည်။
ဝေဝေနှင်း
Yangon Media Group
No comments:
Post a Comment