Sunday, August 11, 2013
စိုင်းစိုင်းခမ်းလှိုင်က သြဂုတ်လ ၁ဝရက်နေ့မှာ ကျရောက်တဲ့ဝတ်မှုံ ရွှေရည်မွေးနေ့မှာ မွေး နေ့ရှင်နဲ့အတူ ဆန်အိတ်များလှူဒါန်းဖြစ်ခဲ့ပါ တယ်။ မွေးနေ့ ရှင်အတွက် ဆုတောင်းပေးဖို့ပြောတော့ "Happy Birthday ပါ။ သူ့ဘဝမှာစိတ်ချမ်းသာမှုတွေအများ ကြီးရပါစေလို့ ကျွန်တော် ရည်းစား ဟောင်းတစ်ယောက်အနေနဲ့ ဆု တောင်းပေးပါတယ်"လို့ မွေးနေ့ရှင်အတွက်မွေး နေ့ဆုတောင်း စကားပြောကြားခဲ့ပါတယ်။
စိုင်းစိုင်းခမ်းလှိုင်က ဖေ့စ်ဘုတ်မှာ ကဗျာတွေ ၊စာတွေ ရေးလေ့ရှိပါတယ်။ ဒီလိုကဗျာတွေ၊ စာတွေရေးဖြစ်ပုံ ကိုတော့"ကဗျာရယ်လည်းမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကျွန်တော်ပြောချင်တဲ့စကားတွေကို ရေးတာပါ။ ကဗျာဆိုတာက တအား လေးနက်ကျယ်ပြန့်လွန်း အားကြီးတယ်။ ကျွန်တော်ရေးတာကကဗျာဟုတ်ချင် လည်းဟုတ်မယ်။ဟုတ်ချင်မှလည်းဟုတ်မယ်။ကျွန်တော်ပြောချင်တဲ့စကားတွေပါ။ သူများ ဖတ်ဖို့ သင့်တော် ၏ မသင့်တော်၏ ပဲရှိတာ။ ကိုယ့်ဘာသာကိုယ်တော့အ မြဲတမ်းရေးနေတာပါပဲ"လို့ စိုင်း စိုင်းခမ်းလှိုင်က ပြောပါတယ်။ အခုအချိန်မှာ အေးအေးလူလူ စာရေးချင်စိတ် ဖြစ်ပေါ်နေတယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်က.
"စာအုပ်လည်း ထုတ်ချင်ပါတယ်။
ငယ်ငယ်တုန်းကဆိုရင် ကျွန် တော်အဆိုတော်တအားဖြစ်ချင်တာ။ နောက်ပိုင်းကျတော့ ရုပ်ရှင် မင်းသားဖြစ် ချင်လာပြန်ရော၊အခုတော့လည်း ဂီတနဲ့ရုပ်ရှင်နဲ့ လုံးလည်ချာလည်လိုက်ပြန်ရော၊အခုအချိန်မှာ ဘာထပ်ဖြစ် ချင်လဲလို့ပြောရင် ကျွန်တော်အေးအေးဆေးဆေး စာရေးချင်ပါတယ်။ ကျွန်တော်စကားလုံး ကြိုက်တယ်။
စကားပြေကြိုက်တယ်။ စကားပြောကြိုက်တယ်။ မြန်မာစာ ကိုလည်း ကျွန်တော်လေးလေးနက်နက် ကြိုက် တယ်"လို့ ပြောပါတယ်။ စာမူခရရှိတဲ့ခံစားမှုကို မေးတော့ စိုင်းစိုင်းခမ်းလှိုင်က"ပျော်တာပေါ့။ ကျွန်တော့်ကို ပေါ်ပြူလာဂျာနယ်ကကဗျာပါလို့ ဆိုပြီး စာမူခပေးတယ် ကိုယ်လုပ်ထားတာကို တန်ဖိုးထားပြီးအသိ အမှတ်ပြု တာခံရတော့ပျော်ပါတယ်" လို့ ပြောပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ ဒိတ်ဒိတ်ကြဲအခွေအတွက်ဗီစီဒီ စတင် ရိုက်ကူးဖို့စီစဉ်နေပြီး တစ်ခွေလုံးကို လူငယ်ဒါရိုက်တာအဖွဲ့ တွေ၊မျက်နှာသစ်သရုပ်ဆောင်တွေနဲ့ပဲရိုက်ကူး သွားမှာဖြစ် တယ်လို့ ပြောပါတယ်။ အရင်တုန်းက သီချင်း တွေ ရိုက်ကူးချက်တွေတူချင်မှတူ တော့မှာ ဖြစ်ကြောင်းပြောလာတဲ့ စိုင်းစိုင်းခမ်းလှိုင်က 'ဒိတ်ဒိတ်ကြဲ' အခွေကိုအမြန်ဆုံးထွက်ရှိဖို့ ကြိုးစား နေပါတယ်။
Popular Journal

No comments:
Post a Comment