Tuesday, August 20, 2013
ပုံစံကြည့်လိုက်ရင် သော့တွဲလေး လိုပါပဲ ။ ဆိုလာစနစ် နဲ့  ဖုန်း အားသွင်းနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။
နေရောင်ခြည်မှာ ၆ နာရီကနေ ၁၀ နာရီလောက် ထားပြီး အားဖြည့်နိုင်ပါတယ်။ ပြီးတော့ မိမိအသုံးပြုလိုတဲ့ ဖုန်းမှာ သုံးနာရီမျှ ချိတ်ဆက် အားဖြည့်ပေးလိုက်ရင် မိနစ်လေးဆယ်လောက် အရေးပေါ် ဖုန်းအသုံးပြုလို့  ရနိုင်မှာဖြစ်ပါတယ်။
နေပြင်းပြင်းမှာ ထားရင် ထားသလောက် အားလည်း ပိုရှိမှာ ဖြစ်ပါတယ်။ အားသွင်းတဲ့အခါလည်း အားရှိ/ မရှိကို ပြတဲ့ LED မီးသီးလေးလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ iphone နဲ့  i Series များအတွက် သာ အသုံးပြုနိုင်တဲ့ Charging Plug ခေါင်း နဲ့ သာ ဖြစ်ပါတယ်။ ဒီတော့ အိုင်ဖုန်း သမား များအတွက်တော့ နေရောင်ရှိရင် ဘယ်နေရာ ရောက်ရောက် အဆင်ပြေမှာ ဖြစ်ပါ တယ်။
ဈေးနှုန်းကတော့ ငါးဒေါ်လာ ခွဲခန့် နဲ့  အွန်လိုင်း ရှော့ ပင်းဆိုက်မှာ ရောင်းချထားတာကို တွေ့ ရပါတယ်။
-----
Ref:Tech News
Freddy ( MM Social Sky )

No comments:
Post a Comment