Wednesday, 28 August 2013
မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့အထူးအကြံပေးနဲ့ဒုတိယအတွင်းရေးမှူးချုပ်မစ္စတာဗီဂျေနမ်ဘီးယားဟာကချင်ပြည်နယ်လိုင်ဇာကိုသြဂုတ်လ၂၈ရက်ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ရောက်ရှိနေတယ်လို့ ကချင်ပြည်နယ်လူမှုရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်ဘောက်ဂျာကဒီဗီဘီကို ပြောပါတယ်။ဗီဂျေနမ်ဘီးယားဟာ ပြည်ထောင်စုအစိုးရထံက ခွင့်ပြုချက်နဲ့ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့နဲ့အတူလိုင်ဇာကိုသွားရောက်တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
မစ္စတာနမ်ဘီးယားဟာ သြဂုတ် ၂၇ ရက်နေ့က ကေအိုင်အေ အလုပ်အဖွဲ့တွေနဲ့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။ မြစ်ကြီးနားမှာရှိစဉ်က ကချင်ပြည်နယ် အစိုးရကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ သူဟာပြီးခဲ့တဲ့အခေါက်မေလကုန်ပိုင်းကမြစ်ကြီးနားမှာကေအိုင်အိုကိုယ်စားလှယ်အဖွဲ့နဲ့အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီအကြားဆွေးနွေးပွဲကိုလည်းတက်ရောက်တာကြောင့်သူ့ရဲ့လိုင်ဇာခရီးစဉ်မှာ ကေအိုင်အိုခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖွယ်ရှိတယ်လို့ မျှော်လင့်ရပါတယ်။ မစ္စတာနမ်ဘီးယားဟာ ဒီညနေပိုင်း လိုင်ဇာကနေ ပြန်မယ်လို့လဲ သိရပါတယ်။
DVB TV News
No comments:
Post a Comment