Thursday, August 22, 2013

လိင်တူချင်း လက်ထပ်လိုသူများ နယူးဇီလန်သို့သွား

Thursday 22nd August 2013

ကက်သလစ် ခရစ်ယာန် ဘာသာဝင် ဘုန်းတော်ကြီးများ အပါအ၀င် ဘာသာရေး အဖွဲ့အစည်း များစွာက ကန့်ကွက်နေသည့် ကြားမှနယူးဇီလန်နိုင်ငံ အစိုးရအနေဖြင့် (၁၉၅၅)ခုနှစ် ၊ လက်ထပ် ထိမ်းမြားခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်မှုများကို လွှတ်တော်မှအတည်ပြုကာ လိင်တူချင်း လက်ထပ်ခွင့်ကို လက်ခံလိုက်ပြီဖြစ်သည်။

အဆိုပါ ဥပဒေ စတင် အသက်ဝင်သည့် သြဂုတ်လ ၁၉ ရက်နေ့ ၊ နံနက် ၉ နာရီအချိန်အား လိင်တူစုံတွဲ (၃၁)တွဲမှစောင့်ဆိုင်းကာ လက်ထပ်ပွဲဆင်နွှဲခဲ့ကြသည်။ ထို့အပြင် ရာပေါင်းများစွာသော ဩစတြေးလျလိင်တူစုံတွဲ များသည် အိမ်နီးချင်း နယူးဇီလန်သို့ လာရောက် လက်ထပ်ကြရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

ထိုသို့ လိင်တူချင်း လက်ထပ်ခွင့်ကို အတည်ပြုပေးလိုက်သည့်အတွက် နယူးဇီလန် နိုင်ငံသည် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို ပိုမိုအထောက်အကူ ဖြစ်လာမည် ဖြစ်ကြောင်း နယူးဇီလန် ကမ္ဘာလှည့် ခရီးသွားဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ကက်သလစ် ခရစ်ယာန် ဘာသာဝင် ဘုန်းတော်ကြီးများ အပါ အ၀င် ဘာသာရေးအဖွဲ့အစည်းများစွာမှလည်း အဆိုပါကိစ္စအား ကန့်ကွက်ဆဲဖြစ်ကာ ၂၀၁၄ ခုနှစ် သာသနာ ရေးဆိုင်ရာ အထွေထွေညီလာခံကြီးတွင် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Mrtv-4

No comments: