Wednesday, August 14, 2013
ပြည်တွင်းထုတ် လေယာဉ်တင်သင်္ဘော အိန္ဒိယ ထုတ်ဖော်ပြသ
Wednesday, August 14, 2013
အိန္ဒိယ ရေတပ်သည် ပြည်တွင်းတွင် အပြည့်အဝ တည်ဆောက်မည့် ပထမဆုံး လေယာဉ်တင်သင်္ဘော စီမံကိန်းကို အတည်ပြု ပြသခဲ့ကြောင်း သိရသည်။ တနင်္လာနေ့က INS Vikrant သင်္ဘောကြီးကို အိန္ဒိယ
ရေတပ်က ပြသသွားပြီး ယင်းသည် (၂၀၁၆)ခုနှစ်တွင် နည်းပညာ ဖြည့်
တင်းမှုအားလုံး ပြီးစီးရန် မျှော်လင့်ထားသည်။ ကီရာလာ ပြည်နယ်တွင် တည်ဆောက်နေသော သင်္ဘောကြီးသည် တန်ချိန် (၃၇၅၀၀) အလေးချိန်
ရှိမည်ဖြစ်ပြီး (၂၀၁၈)ခုနှစ်တွင် ရေတပ်၌ အပြည့်အဝ စတင်တာဝန် ထမ်းဆောင်နိုင်မည်ဟု သိရှိရသည်။ ထိုအချိန်တွင် အိန္ဒိယသည် ကိုယ်ပိုင် လေယာဉ်တင်သင်္ဘော တည်ဆောက်နိုင်စွမ်းရှိသည့် လက်တစ်ဆုပ်စာ နိုင်ငံစာရင်းတွင် ပါဝင်လာမည် ဖြစ်သည်။
မဟာဗျူဟာကျသည့် တိုက်ခိုက်ရေး အခြေစိုက် စခန်းကြီးများအသွင်
ဆောင်လာသော လေယာဉ်တင် သင်္ဘောကြီးများကို အမေရိကန်၊ ဗြိတိန်၊ ရုရှားနှင့် ပြင်သစ်တို့က ကိုယ်ပိုင် အပြည့်အဝ တည်ဆောက်နိုင်ခဲ့ကြသည်။ တနင်္လာနေ့က စတင်မိတ်ဆက် ပြသခဲ့သော INS Vikrantသည် ပထမအဆင့် ကိုယ်ထည်တည်ဆောက်မှုအပိုင်း အားလုံး အပြီးသတ်
အောင်မြင်ခဲ့ပြီး ဖြစ်နေသည်ကို တွေ့ရှိရသည်။ လေယာဉ်တင် သင်္ဘောကြီး၏ အရှည်မှာ ပေ(၈၅၀)ရှိပြီး အနံမှာ ပေ(၁၀၀)မျှ ကျယ်ဝန်းသည်။ ယင်းသင်္ဘောကြီးကို ကိုချင်ရှိ သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
သင်္ဘောကြီး၏ ဒီဇိုင်းပိုင်းရော၊ ထုတ်လုပ်မှုပိုင်းပါ ပြည်တွင်းတွင်ပင် လုပ်ဆောင်ခဲ့ပြီး အဆင့်အတန်းမြင့်မားစွာ သန့်စင်ထားသည့် သံမဏိကို အသုံးပြုထားသည်။ အဆိုပါ သံမဏိကိုလည်း အိန္ဒိယ ကုမ္ပဏီ တစ်ခုကပင် ထုတ်လုပ်သည်။ ရေတပ် ဒုတိယ စစ်ဦးစီးချုပ် အာကေ ဒိုဝမ်က အဆိုပါ သင်္ဘောသစ်ကြီး မိတ်ဆက် ပြသမှု အခမ်းအနားတွင် မိမိတို့ နိုင်ငံကို ကာကွယ်ရန် အလေးအနက် တာဝန်ထမ်းဆောင်နေသည့် ရေတပ်မတော်၏ ကြီးမားသော အောင်မြင်မှု တစ်ရပ်အဖြစ် မီဒီယာများအား ညွှန်းဆို ပြောကြား
သွားကြောင်း သိရှိရသည်။
Planet Myanmar Network
Subscribe to:
Post Comments (Atom)

No comments:
Post a Comment