Sunday, August 18, 2013

၂၀၀၇ ခုနှစ် မယ်ကမ္ဘာ ဆုရှင် လက်ထပ်ပြီ

Sunday, 18 August 2013 
၂၀၀၇ ခုနှစ် မယ်ကမ္ဘာ ဆုကို ရရှိသူ ကျန်းကျီလင်သည် မကြာသေးမီက ထိုင်းနိုင်ငံတွင် လက်ထပ် မင်္ဂလာပွဲ ဆင်နွှဲခဲ့ကြောင်း ifeng.com ၀က်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။

ထိုင်းနိုင်ငံတွင် မင်္ဂလာပွဲ ပြုလုပ်ရန် ရွေးချယ်ရသည့် အကြောင်းမှာ ကျန်းကျီလင်တို့ ဇနီး မောင်နှံသည် ယခင်က ဖူးခက်ကျွန်းသို့ သွားရောက် လည်ပတ်ဖူးပြီး ယင်းနေရာကို နှစ်ဦး စလုံးက သဘောကျနှစ်ခြိုက် သည့် အတွက်ဖြစ်ကြောင်း၊ လက်ထပ်ပွဲ အတွက် အချိန်နှစ်လ ကြိုတင်ပြင်ဆင် ခဲ့ရကြောင်း ၎င်းဝက်ဘ်ဆိုက် ကပင် ဖော်ပြခဲ့သည်။

မယ်ကမ္ဘာဆုရှင် ကျန်း၏ ခင်ပွန်းဖြစ်သူ နေးလ်သည် အနုပညာ အသိုင်းအ၀ိုင်းမှ မဟုတ်ဘဲ သာမန်လူ တစ်ဦးသာ ဖြစ်သည့်အတွက် ၎င်းတို့၏ မင်္ဂလာ ဧည့်ခံပွဲသို့ မည်သည့် အနုပညာရှင်ကိုမှ ဖိတ်ကြားခဲ့ခြင်း မရှိကြောင်း၊ နှစ်ဖက်မိဘ အသိုင်းအ၀ိုင်းနှင့် ရင်းနှီးသူ ၁၀ ဦးခန့်ကိုသာ ဖိတ်ကြားခဲ့ကြောင်း သိရသည်။

ကျန်းသည် တရုတ်နိုင်ငံ တောင်ပိုင်း ဟေနန်ပြည်နယ် ဆန်ယာမြို့ရှိ Beauty Crown ပြဇာတ်ရုံတွင် ၂၀၀၇ ခုနှစ်က ပြုလုပ်သော (၅၇)ကြိမ်မြောက် မယ်ကမ္ဘာ ပြိုင်ပွဲ၌ မယ်ကမ္ဘာ ဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

မြ၀တီ

No comments: