Thursday, August 22, 2013

အထက်တန်းအဆင့်မရောက်မီ ကျောင်းသူလေးများအား အပျိုစစ်မစစ် စစ်ဆေးရန်စီစဉ်


Thursday, 22 August 2013


အင်ဒိုနီးရှားနိုင်ငံ စူမားတြား ကျွန်းရှိ Prabumulih မြို့မှ ပညာ ရေးဌာနအကြီးအကဲဖြစ်သူ မူဟာ မက်ရာရှစ် က အထက်တန်းတက် ရောက်မည့် မြီးကောင်ပေါက် ကျောင်းသူလေးများအား အပျိုရည်စစ်ဆေးသင့် ကြောင်း ထုတ်ဖော်ပြောကြားခဲ့ရာ လူအများ ဒေါသထွက်ကြပြီး အမျိုးသမီးအရေး လှုပ်ရှားတက်ကြွသူများ က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအားပေးကြောင်း စွပ်စွဲခဲ့ကြသည်။


ပြည့်တန်ဆာလုပ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းခံရသော အထက်တန်းကျောင်းသူ ခြောက်ဦး၏ သတင်းထွက်ပေါ်လာပြီး နောက် ၎င်းအကြံပြုချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထိုအစီအစဉ်အား လာမည့်၂၀၁၄ခုနှစ် မှစ၍ အကောင်အထည်ဖော်သွားမည်ဟုပြောသော်လည်း မြို့ တော် ဝန်နှင့် ဒေသပါလီမန်မှ အတည်ပြုချက်လိုကြောင်းလည်း သိရသည်။

သင်၏ကလေးများကို ဆိုးကျိုးသက်ရောက်မှုမှကာကွယ်ရန် အခြားနည်းလမ်းများရှိကြောင်း၊ ယခုအစီအစဉ် သည် အမြော်အမြင်မရှိကြောင်း ပညာရေးဝန်ကြီး မိုဟာမက်နုမှ ဦးဆောင်ပြီး ဝေဖန်ပြစ်တင်ကြသည်။

ယခုအစီအစဉ်အား ဒေသအာဏာပိုင်များမှ မထောက်ခံ၍ အကောင်အထည်ပေါ်မည်မဟုတ်ကြောင်း၊ ဒုတိယမြို့တော် ဝန်က ပြောသည်။၂၀၁ဝပြည့်နှစ်ကလည်း Jami ပြည်နယ်တွင် ယခုကဲ့သို့ အပျိုရည်စစ်ဆေး
မည့်အစီအစဉ် တင်ပြခဲ့ရာ ဗဟိုအစိုးရကန့်ကွက်မှုကြောင့် အစီအစဉ်ပျက်ခဲ့ရဖူးသည်။

Yangon Media Group

No comments: