Tuesday, August 13, 2013
နယ်သာလန် အိမ်ရှေ့ မင်းသား ကွယ်လွန်
Tuesday, 13 August 2013
သြဂုတ်လ ၁၂ ရက်နေ့က တရားဝင်ကြေညာလိုက်တဲ့ သတင်းကြောင့် နယ်သာလန် ပြည်သူတို့ကို ဝမ်းနည်း သွား စေပါတယ်။ ယင်းကတော့ နယ်သာလန် အိမ်ရှေ့ မင်းသား Friso ကွယ်လွန်ခြင်းပဲ ဖြစ်ပါတယ်။
အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ အိမ်ရှေ့ မင်းသား Friso ဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သြစတြီးယား ရေခဲတောင်တစ်ခုမှာ အက်ဆီးဒန့်ဖြစ်ခဲ့ပါတယ်။ စကိတ်စီးရင်းနဲ့ပါ။ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လန်ဒန်က ဆေးရုံအထိတောင် ပို့သ ကုပေးခဲ့ပါတယ်။ ဦးနှောက်ကို ထိပြီး Coma ဖြစ်သွားကြောင့် ၁၈ လ လုံး သတိရလိုက်၊ မေ့မျောလိုက် နဲ့ ရောဂါ ကြာမြင်ခဲ့ ပါတယ်။
အသက်ရှင်နိုင်ရန် အမျိုးမျိုးကြိုးစားပေးပေမယ့် နောက်ဆုံး ရရှိလိုက်တဲ့ သတင်းကတော့ စိတ်မကောင်းစရာ ပါပဲ။ ဗြိတိန်အစိုးရမှလည်း ဒတ်ခ်ျ အိမ်ရှေ့ မင်းသားအတွက် အတတ်နိုင်ဆုံး ကြိုးစားကုသပေးသော် လည်း မအောင်မြင်ခဲ့ပါဘူး။ တစ်နှစ်ခွဲတိတိခံစားရတဲ့ ဝေဒနာက သြဂုတ်လ ၁၂ ရက်နေ့မှာ အဆုံးသတ် သွား ပါတယ်။ ညီအစ်ကို ၃ ယောက်မှာ အလတ် ဖြစ်တဲ့ အိမ်ရှေ့ မင်းသား ဖြစ်ပြီး သမီး ၂ ဦးရှိပါတယ်။ သူ့ရဲ့  ဇနီးနဲ့ သမီး ၂ ဦးအတွက် တိုင်းပြည်မှ စိတ်မကောင်းကြောင်း ၎င်းတို့ Facebook စာမျက်နှာဆီကို Post သွားရောက် ရင်ဖွင့်ကြ ပါတယ်။
အိမ်ရှေ့ မင်းသား Friso ကွယ်လွန်မှုအတွက် ကမ္ဘာတစ်ဝန်း မှ ခေါင်းဆောင် များကလည်း ဝမ်းနည်းကြောင်း စာချွန်လွှာများ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
.
Ref: Xinhua
YoYarLay
Subscribe to:
Post Comments (Atom)

No comments:
Post a Comment