Sunday, August 11, 2013

ညီမလေးအတွက် စကားလက်ဆောင်

Sunday, August 11, 2013

 ညီမလေးရေ....
မိန်းကလေးတွေပာာ အချစ်စစ်ကိုပဲ လိုလားတောင့်တကြတယ်ဆိုတာ အစ်ကို သိပါတယ်။ ဘယ်သူကများ အတုအယောင် အချစ်ကို လိုချင်မှာတဲ့လဲ။
အစ်ကိုက ဆရာလုပ်တာ မပာုတ်ဘူးနော်။ မေ့နေတာလေးတွေ သတိပေးရုံပါ။ အချစ်စစ်ကို လိုချင်ရင် အချစ်စစ်ကိုပဲ ပြန်ပေးရမယ် ညီမလေး။ အစစ်ပေးပြီး အတုပြန်ရတာတွေလည်းရှိပါတယ်။

ကိုယ်ကတော့ အချစ်စစ်ကို ပေးလိုက်တယ်။ သူက အချစ်တုပဲ ပြန်ပေးတယ်ဆိုတာ အစကတည်က ချင့်ချိန်မှု နည်းခဲ့လို့ပါ။ သူက အချစ်တုပဲ ပေးခဲ့ပေမယ့် ကိုယ်က ခန္ဓာကိုယ် မပေးခဲ့ရင် ကိစ္စမရှိပါဘူး။

ညီမလေးရေ....

အချစ်တုနဲ့ လုံးဝ မတွေ့ချင်ရင် အစ်ကိုပြောတာကို မှတ်သား လိုက်နာ ပေးပါ။
ချစ်သူဘ၀မှ ကိုယ်ခန္ဓာကို မပေးအပ်ခဲ့ရင် အဲ့ဒီမိန်းကလေးပာာ အချစ်တုနဲ့ ဘယ်တော့မှ မတွေ့ပါဘူး။ အာမခံပါတယ်။
ဘာ့ကြောင့်လဲ။ မိန်းကလေးတစ်ယောက်ကို အတုအယောင်နဲ့ ချစ်မယ့် ယောက်ျားပာာ အစကတည်းက ရည်ရွယ်ချက်ပာာ တစ်ခုတည်းရှိတာပါ။ အဲဒါပာာ မိန်းကလေးဆီက ကာမကို ရယူဖို့ပဲဖြစ်ပါတယ်။(ရိုင်းသလို ဖြစ်သွားတာ ခွင်လွှတ်ပါ ခင်ဗျာ။)။
ဒါ့ကြောင့် သမီးရည်းစားဘ၀မှာ အချစ်နယ် မကျွံမိရင် အချစ်တုရန်ကို လုံးဝ ကြောက်ဖို့ မလိုပါဘူး။ အချစ်စစ် ဆိုရင်တော့ ကိုယ်ချစ်တဲ့ မိန်းကလေးကို ယောက်ျားသားတိုင်း တန်ဖိုးထား မြတ်နိုးကြပါတယ်။ ကိုယ်ကလည်း အချစ်စစ်ကိုပဲ ပြန်ပေးပါ။
ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားကို ကစားဖို့ နည်းနည်းမှ မတွေးမိပါစေနဲ့ ။အင်မတန် အောက်တန်းကျပါတယ် ညီမလေးရယ်။ မေတ္တာဆိုတာ ရောင်ပြန်ပာပ်ပါတယ် ။

ညီမလေးရေ...

ထပ်ပြီး သတိပေးပါရစေ။ သမီးရည်းစား ဘ၀မှာ လုံးဝ အချစ်နယ် မကျွံမိပါစေနဲ့။ အချစ်နယ်ကျွံရင် အဲ့ဒီယောက်ျားပာာ သေချာပေါက် ရိုးအီသွားပြီး နောက်တစ်ယောက် ထပ်ရှာမှာပါ။ စောင့်ထိန်းပါလို့ သတိပေးပါရစေ။

မှတ်ချက်။ ။ညီလေးတို့အတွက် ဘ၀ကို ရင်ဆိုင်ရဲအောင် စာပေရေးသားဖို့ စုဆောင်းနေဆဲမို့ နားလည်ပေးပါ။
ပြည်ငြိမ်း

No comments: