Thursday, August 22, 2013

စည်းလုံးမှုနဲ့ အရင်းတည်ရင်ခုန်သံချင်းတူညီခဲ့တဲ့ ရွှေညီအစ်ကို လူရွှင်တော်အဖွဲ့


Thursday, August 22, 2013


ရွှေညီအစ်ကိုလူရွှင် တော်အဖွဲ့ဆိုရင်ပရိသတ် တော်တော်များများသိကြပါ တယ်။ရွှေညီအစ်ကိုအဖွဲ့မှာ ငြိမ်းချမ်း၊ကောင်းကျော်၊ရှဲဒိုး၊ ဝိုင်းချစ်၊ထက်ထက်တို့က အတွဲညီညီနဲ့အောင်မြင်မှုရရှိခဲ့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ရွှေညီအစ်ကိုအဖွဲ့အနေနဲ့ စည်းလုံးညီညွတ်မှုအား ကောင်း၊ဖြတ်ထိုးဥာဏ်ကောင်းနဲ့ပရိသတ်ကို တင်ဆက်နိုင်ခဲ့ကြပါတယ်။ရွှေညီအစ်ကို အဖွဲ့ဘာအတွက်ကြောင့် ဘယ်လို လုပ်ဆောင်မှုတွေကြောင့် အောင်မြင်မှုရခဲ့တယ်ဆိုတာကို ရွှေညီအစ်ကိုအဖွဲ့မှ ကောင်းကျော် က ..” ၉၉၇ မြ ဝတီအငြိမ့်ပြိုင်ပွဲကစခဲ့တယ်။ ဒီကနေတစ်ဆင့်ရန်ကုန်တိုင်း ရွှေဝါဝင်းအငြိမ့်မှာ အစ်ကိုရယ်၊ ကိုငြိမ်းချမ်းရယ်၊ ရှဲဒိုးရယ်၊ဝိုင်းချစ်ရယ်သွား ဆုံတယ်။ အဲဒီအချိန်မှာ ထက်ထက်က ရွှေမြင့်မိုရ် အငြိမ့်မှာ ဒီလိုနဲ့ အစ်ကိုတို့လက်တွဲ လာတာ ငါးနှစ်ကျော်ကျော်ကြာခဲ့ တယ်။အစ်ကိုတို့ ငါးယောက်ကပြောစရာ မလိုဘူး။ညီ ညွတ် တယ်။စိတ်ဓာတ်တွေကောင်း တယ်။ ပြက်လုံးတစ်လုံးကို အ ထူးသဖြင့်ခေါင်းဆောင်ကို ငြိမ်းချမ်းကရှာတယ်။ သူရှာဖွေ သလို အစ်ကိုတို့ဘက်ကလည်း သိသလောက်တတ်သလောက် လေးတွေကို ပံ့ပိုးတယ်။ ဖြည့် ဆည်းပေးတယ်။ ဖလှယ်ကြ တာပေါ့။ညီညွတ်မှုတအား ကောင်းကြတာ။စိတ်ဓာတ်ပိုင်းရော၊ လူမှုရေးပိုင်းရော ပြောစရာမရှိအောင်ကို ကောင်းတာ။ ဒါပေမဲ့ နောက် ပိုင်းအနေဝေးသွားခဲ့ရ တယ်။အဲဒါက လည်း အကုန်လုံးအ နေနဲ့အောင်မြင်လာတဲ့ဒဏ် ကိုတောင်မခံနိုင်ခဲ့ကြဘူး။


ဒါကလည်း သဘာဝတရားတစ်ခုပေါ့။ဖြစ်ပြီးရင်တော့ပျက်ရတာပဲလေ။ အခု အချိန်အဲဒီအချိန်ကို ပြန်တမ်းတ လွမ်းမိ တယ်။အခုကတော့အစ်ကို့ အ နေနဲ့ရွှေညီ အစ်ကိုကို ပြန်အသက်သွင်းထားတယ်။ အလျဉ်းသင့်တဲ့ အခါ အရင်က ရွှေညီအစ်ကိုတွေ့ဆုံဖြစ်ပါ တယ်။တစ်ယောက်နဲ့ တစ် ယောက်မခေါ် မပြောနိုင် အောင် စိတ်ဝမ်းကွဲသွားကြတာမဟုတ်တော့လေ။ကွဲ သွားတာမဟုတ်ဘူး။အနေ ဝေးသွားကြတာ။အရင်လိုတော့ တစ်စုတစ်ဝေးတည်း မဖြစ်တော့ဘူးပေါ့။ရွှေညီ အစ်ကိုက ပရိသတ်ရင်ထဲမှာ အငွေ့တော့ ကျန်သေးတယ်လို့ အစ်ကိုထင်တယ်။အဲဒီ အငွေ့လေးကိုနောက်ထပ် လူ သစ်၊အင်အားသစ်တွေနဲ့ ဖွဲ့ စည်းထားတယ်။ လူသစ်ဆို ပေမယ့် ကိုယ်တို့ ချင်းဆိုရင် တော့မသစ်ပါဘူး” လို့ ပြောပါတယ်။

လူရွှင်တော် ထက်ထက်ကလည်း” အဲဒီ တုန်းကစည်းလုံးမှုပေါ့။ ယူနတီရှိခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် ပြက်လုံးပြက်တဲ့ အခါမှာသူသာသည်ကိုယ် နာသည် အဓိကမထားဘူး။အကုန်လုံးက နားလည်ပေး ကြတယ်။တစ်ယောက်ပြက် ရင်နောက်လူတွေကပံ့ပိုး ပေးတယ်။ ညီညွတ်ရေးအား ကောင်း တာပေါ့။ဒီတော့ ပြက်လုံး အသစ်အဆန်းဖန် တီးသည်ဖြစ်စေ၊ နောက်ဆရာ့ ဆရာကြီးတွေထားခဲ့တဲ့သမ္မ စဉ်ပြက်လုံးတွေဖြစ်ပါစေ။ ဒီအပေါ်မှာတစ်ယောက်နဲ့ တစ်ယောက်ညီညီညွတ်ညွတ်နဲ့ လုပ်သွားကြတဲ့ အတွက်ကြောင့် ရွှေညီအစ်ကိုဆိုတာ ဖြစ်လာခဲ့တယ်။ စောစောက ပြောသလိုသူနာကိုယ်သာ စိတ်မထား ဘူး။အရေးကြီး တာက ပရိသတ်သဘောကျ ရယ်သွားပြီး ထိထိမိမိရောက် သွားဖို့ပဲ ရည်ရွယ်တယ်။ ဒီအ တွက် အကောင်းဆုံးဖြစ်အောင် ဝိုင်းဝန်း ပြင်ဆင်ကြရတာပေါ့။ အကုန်လုံးက ဇာတ်သဘင်ကလာတဲ့ သူတွေဆို တော့ တစ်ယောက်အကြောင်း တစ်ယောက်သိ၊ အထာသိနေကြတာပေါ့။ ဘယ်သူမှတော့ တစ်ဆရာတည်းထွက်ခဲ့ကြ တာမဟုတ်ပါဘူး။ တစ်ဖွဲ့ တည်းနဲ့ နှစ်အကြာကြီး လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဆုံတွေ့ တဲ့ အချိန်လေးမှာ ရင်ခုန်သံ တွေတူညီသွားကြတာပေါ့”  လို့ပြောပါတယ်။

Popular Journal

No comments: