Tuesday, August 20, 2013
သင်ဇာဝင့်ကျော်က ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ရိုက်ကူးတဲ့ 'အမိုက်စား' ရုပ်ရှင်ကိုသူထူးစံ၊ ကျော်ကျော်ဗို၊ ခန့်စည်သူ၊ မိုးမိုး၊မိုးအောင်ရင်၊ စိုးမြတ်သူဇာ၊ ဝတ်မှုံရွှေရည်၊ နန်းဆုရတီစိုးတို့နဲ့ ရိုက်ကူးထားပါတယ်။ ဒီဇာတ် ကားကြီးနဲ့ပတ်သက်ပြီး သင်ဇာဝင့်ကျော်က "ဒီဇာတ် ကားကိုပြန်ကြည့်တဲ့အခါမှာ ကျေနပ်အားရမှုရှိပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သုံးနှစ်က ရိုက်ခဲ့တယ်ဆိုပေမယ့် ပလော့(ခ်)လေးတွေ၊ သရုပ်ဆောင်မှု လေးတွေက ရယ်နေရတုန်းပဲ။ အဝတ်အစားပိုင်းတော့ နည်းနည်းအောက်သွားတယ်" လို့ ပြောပါတယ်။
သင်ဇာဝင့်ကျော်က "ရုပ်ရှင်ကားကြီးလည်း သင်ဇာ သိပ်ရိုက်ကူးရတာ မဟုတ်ဘူး။ ရုပ်ရှင်ကား ကြီးဆိုတာ အခါအခွင့် ရရင် မှတ်တိုင်တစ်ခုစိုက်ဖို့ အခွင့်ရေးရမှာပါ။ အခွင့်အရေးကလည်းကိုယ်တော် နေတိုင်းမရဘူး" လို့ ပြောပါတယ်။သင်ဇာဝင့်ကျော်က အနုပညာအလုပ်၊ပေါ်ထားတဲ့ စိတ်ထားနဲ့ပတ်သက်ပြီး "ဒီဟာက ကိုယ့် အလုပ်၊ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အလုပ်ဖြစ် နေတဲ့အတွက်ကြောင့်မို့ တန်ဖိုးထားတယ်။ ကောင်းကောင်း လုပ်တယ်။ အလုပ်ပေါ်မှာ စေတနာထားပြီး လုပ်တယ်။ အလုပ်လုပ်နေတဲ့ အချိန်မှာရော အပြင်အချိန်တွေ မှာရော အနန္တငါးပါးကို မမေ့ဘူး။ ခင်ပွန်းကြီးဆယ်ပါးကို မမေ့ဘူး။ ဘာသာရေးအမြဲလုပ်ရင် အလုပ်မှာအမြဲ အဆင် ပြေပါတယ်။အရင်တုန်းက အနုပညာ အလုပ်လုပ်ရင် သူများသင်ပေးတဲ့အတိုင်း ကိုယ့်ဘာသာကို မှန်းပြီးလုပ်ရတယ်။မတတ်ဘူး။ ဒါပေမဲ့လည်း စမ်း ပြီး လုပ်ကြည့်တယ်။ အခုကျတော့ တအားကြီး သိနေတာ လည်း မဟုတ်သေးဘူး။ နားလည်ပြီး လုပ်သွားတယ်။ သင်ဇာအစပိုင်းကတော့ အနုပညာအလုပ် လုပ်တာ အခက်အခဲတွေ အများကြီးပါ။ ကိုယ်က ဘာမှမသိဘဲနဲ့ အနုပညာလောကထဲ ဝင်လာတာလေ။ အနုပညာမျိုး ရိုးဆိုလို့ မနဝရတ်တစ်ယောက်ပဲရှိတာ။ သူကလည်း သူတတ်နိုင်သလောက်သင့်ဇာကို လက်တွဲခေါ်ပေး ပါတယ်" လို့ပြောပါတယ်။
တွယ်တာ
Popular Journal

No comments:
Post a Comment