Friday, August 9, 2013
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် သြဂုတ် ၈ ရက် နေပြည်တော်တွင်ပြုလုပ်သည့်(၄၆)ကြိမ်မြောက် အာဆီယံနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ၂၀၁၃ ခုနှစ် အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် ဘရူနိုင်းနိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံ သံအမတ်ကြီးတို့လည်း တက်ရောက်ခဲ့ကြပြီး ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယသမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံကို ထူထောင်သည့် (၄၆) နှစ်မြောက်နေ့ ဖြစ်ကြောင်း၊ အာဆီယံနေ့ကို အာဆီယံအဖွဲ့ဝင် နိုင်ငံ များနှင့် ကမ္ဘာအရပ်ရပ်ရှိ အာဆီယံ အသိုက်အ၀န်းများမှာ သိုက်သိုက်ဝန်းဝန်း ကျင်းပကြပြီး မင်္ဂလာရှိသော နေ့ရက်ဟု သတ်မှတ်ကြကြောင်းဖြင့် အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့် ၄၆ နှစ်က အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း စသော အရှေ့တောင်အာရှ နိုင်ငံငါးနိုင်ငံတို့သည် အာဆီယံဟုခေါ်သည့်ဒေသဆိုင်ရာ အဖွဲ့အစည်းကို ထူထောင်ခဲ့ကြကြောင်း၊ ထိုစဉ်က အဖွဲ့ကို တည်ထောင်ခဲ့သူများ အနေဖြင့် ဒေသတွင်း စီးပွားရေး လူမှုရေးဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက် ခြင်းဖြင့် အေးချမ်းတည်ငြိမ်တဲ့ ဒေသကို တည်ဆောက်နိုင်မည်ဟု မျော်မှန်းခဲ့ကြကြောင်း သိရသည်။
eleven media group
No comments:
Post a Comment