Wednesday, August 14, 2013

ပင်လယ်ရေတွေကို သောက်ရေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ Desalination နည်းလမ်း

Desalination နည်းလမ်းဟာ အလွယ်အားဖြင့်ပြောရရင်တော့ ဆားငန်ရေတွေထဲက ဆားတွေကို ဖယ်ထုတ်ပြီး ရေချိုဖြစ်အောင်ပြုပြင် တာပါ။အဲဒီကထွက်လာတဲ့ရေချိုတွေဟာ သောက်သုံးဖို့အဆင်ပြေပြီး အသုံးပြုရန်လဲ အဆင်ပြေပါတယ်။အန္တာရာယ်လဲ ကင်းပါတယ်။ပင်လယ် ကူးသင်္ဘောကြီးတွေနဲ့ ရေငုပ်သဘော်တွေမှာ အသုံးပြုခဲ့တာကြာပါပြီ။ တိုးတက်တဲ့ နိုင်ငံတော်တော်များများမှာ ဒီနည်းလမ်းနဲ့ ရေချိုတွေ ထုတ်လုပ်နေကြပါတယ်။ညစ်ညမ်းတဲ့ စွန့်ပစ်တဲ့ ရေဆိုးတွေကို လဲ ပြန်လည်သန့်စင်နိုင်ပါတယ်။ဒီပုံကတော့ စပိန်နိုင်ငံ ဘာစီလို နာမှာရှိတဲ့ Desalination စက်ရုံကြီးတစ်ခုပါ။


အချက်အလက်တွေအရမ်းများပြားနေတဲ့အတွက် အကျဉ်းသာဖော်ပြလိုက် ပါတယ်။ဈေးနှုန်းတွေ၊ထုတ်လုပ်မှု စရိတ်တွေနဲ့ အသေးစိတ်အကြောင်းအ ရာတွေကို သိချင်ရင်တော့
http://en.wikipedia.org/wiki/Desalination
မှာသွားရောက်လေ့လာနိုင်ပါတယ်။

မောင်စိုင်း(ကနောင်)
Scientist Myanmar

No comments: