Thursday, 29 August 2013
သြဂုတ်လ ၃၀ ရက်နေ့ကစတင်လို့ Apple က ရွေးချယ်ထားတဲ့ Apple Store တွေမှာ အရင်စတင်မှာ ဖြစ်ပြပါတယ်။ စက်တင်ဘာ လဆန်းကနေ စတင်ရင်တော့ Apple Store တိုင်းမှာ ပြုလုပ် နိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သို့ပေမယ့် ပထမ ပရောဂျက်အရ အမေရိကန် နိုင်ငံတွင်း ဖြစ်ပြီး ဆက်လက်ပြီး ကမ္ဘာအနှံ့ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ Apple ပစ္စည်း ဖြစ်ရင် ဘယ်လောက်ပဲ ဟောင်း ဟောင်း ပြန်လဲပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။
ဈေးနှုန်းကတော့ အစားစား သတ်မှတ်ထားမှာပါ။ အဟောင်းဈေး ဖြစ်တဲ့အတွက် အများကြီးတော့ ရနိုင်မှာ မဟုတ်ပါဘူး။ Quality စစ်ဆေးမှုအတွက် အေးဂျင့် ဝန်ဆောင်မှု ကုမ္မဏီတစ်ခု ငှားထားပြီး ဖုန်းရဲ့  အခြေ အနေကို သေချာစစ်ဆေးလို့ ဈေးနှုန်း သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ Recycle and Reuse Program ဖြစ်ပြီး ပြန်ဝယ် ချင်သူများကိုလည်းရောင်းချမှာ ပါ။ နောက်ပိုင်း လည်း Apple ပစ္စည်းများကို ပြန်ဝယ်ခြင်း၊
ပြန်ရောင်းခြင်းများကို Apple တို့ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ team)

No comments:
Post a Comment