Saturday, August 24, 2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြည်ပမှ Media, Observer နှင့် Sport Fan များအတွက် နေရာဒေသ အလိုက် တည်းခိုခများ ပြောင်းလဲသတ်မှတ်
ှSaturday, 24 August 2013
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပြည်ပမှ Media, Observer များနှင့် Sport Fan များအတွက် နေရာဒေသအလိုက် တည်းခိုခများ ပြောင်းလဲသတ်မှတ် လိုက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။
အိုလံပစ် ကော်မတီက ခွင့်ပြုထားတဲ့ အင်အားနဲ့ လိုက်ပါမယ့် မီဒီယာတွေကို မြန်မာနိုင်ငံမှာရှိတဲ့ အိုလံပစ် ကော်မတီကို စာရင်းပို့ရမှာဖြစ်ပြီး ပို့လိုက်တဲ့ စာရင်းအတိုင်း စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အားကစား ၀န်ကြီးဌာန၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
''Media, Observer များ တည်းခို နေထိုင်ရေးအတွက် ဟိုတယ်နှုန်းထားများအား နေပြည်တော်တွင် အမေရိကန်ဒေါ်လာ ၅၅၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်တို့မှာ ၇၅ ဒေါ်လာ သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်ထိ နောက်ဆုံး စာရင်းသွင်းရမှာ ဖြစ်ပါတယ်။ Sport Fan များအတွက် ဟိုတယ်နှုန်းထားများအား နေပြည်တော်တွင် အမေရိကန်ဒေါ်လာ ၇၀၊ ရန်ကုန် ၁၅၀၊ မန္တလေးနဲ့ ငွေဆောင်မှာ အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားပြီး ၂၀၁၃ ခုနှစ် သြဂုတ် ၁၅ ရက်မှ အောက်တိုဘာ ၃၁ ရက် နောက်ဆုံး စာရင်းသွင်းရပါမယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန ၀န်ကြီးရုံး သတင်းထုတ်ပြန်ရေး ဌာနခွဲမှ ဦးမြင့်ထွန်းဦး၏ ပြောကြားချက်အရ သိရသည်။
နိုင်ငံအသီးသီး၏ Sport Fan များအတွက် Online မှ ဆက်သွယ် မှာယူရမည့် လိပ်စာများနှင့် Contect Person တို့ကို တည်းခိုနေထိုင်ရေးနှင့် အစားအသောက် ဧည့်ခံကျွေးမွေးရေး ကော်မတီမှ တာဝန်ပေးအပ် ထားသည့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်တို့၏ အမည်စာရင်း ဖော်ပြသွားရန်၊ Sport Fan အင်အားစာရင်းကို နိုင်ငံအလိုက် သတ်မှတ်ထားသော Observer အင်အားအတိုင်း သတ်မှတ်ခွင့် ပြုရန်တို့ ပါရှိကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် လာရောက်ကြမည့် နိုင်ငံအလိုက် ဖိတ်ကြားခံရသူများ၊ အုပ်ချုပ် နည်းပြများနှင့် ဒိုင်/ဂျူရီများ၊ Media များ Observer များနှင့် Sport Fan များအတွက် နေရာအလိုက်၊ အမျိုးအစားအလိုက် တည်းခိုခများ ညှိနှိုင်းဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)

No comments:
Post a Comment