Saturday, 24 August 2013
ပထမဦးဆုံး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြစ်လာမည့် ဘယ်လ်ဂျီယံ စပ်မျိုးစပါးကို မြန်မာနိုင်ငံတွင် ထုတ်လုပ်ရောင်းချနိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြထားကြောင်း ယင်းစပ်မျိုးစပါးကို ပူးပေါင်းသုတေသန ပြုလုပ်ကာ စမ်းသပ်စိုက်ပျိုးလျက်ရှိသော သီရိမြင့်မြတ် စိုက်ပျိုးရေးကုမ္ပဏီ အကြံပေးဦးထိန်လင်းက ပြောကြားသည်။
၂၀၁၂ ခုနှစ် နွေစပါးရာသီမှ စတင်ကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဘယ်လ်ဂျီယံ ကုမ္ပဏီ Devgen တို့ ပူးပေါင်း၍ ယင်းစပ်မျိုးစပါးကို စမ်းသပ်စိုက်ပျိုးခြင်းဖြစ်ပြီး
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထောက်ခံချက် လိုအပ်သည့်အပြင် ယင်းစပ်မျိုးစပါးအတွက် သုတေသန ဓာတ်ခွဲခန်းကို အစိုးရဌာန တစ်ခုခုနှင့် ပူးတွဲလုပ်ဆောင်ရန်နှင့် ယင်းစပ်မျိုးစပါး ထုတ်လုပ်ရန် မြေနေရာ ရရှိပြီးပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံ ခွင့်ပြုပေးမည်ဟု ပြောကြားထားကြောင်း ဦးထိန်လင်းက ဆိုသည်။
သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ထောက်ခံချက်များရရှိပါက Devgen ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံခွင့်ပြုသွားမ
ယင်းစပ်မျိုးစပါး ထုတ်လုပ်ရေးအတွက် မြေနေရာကို လတ်တလောတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် လျာထားကြောင်း ၎င်းကဆိုသည်။
စတင်စမ်းသပ် စိုက်ပျိုးစဉ်က ဆယ်မျိုး စမ်းသပ်ခဲ့ပြီး ယင်းတို့အနက်မှ အထွက်နှုန်း၊ စပါးအရည်အသွေးနှင့် မြန်မာ့ရေမြေနှင့် သင့်လျော်မည့် MRD ၀၁၊ ၀၂ ၊ ၀၅ နှင့် ၀၆ စပ်မျိုးစပါး လေးမျိုးကို ရွေးချယ်စိုက်ပျိုးလျက် ရှိကြောင်း ၎င်းက ရှင်းပြသည်။
မျိုးစေ့နှင့် သီးနှံစိုက်ပျိုးရေး နည်းပညာကုမ္ပဏီ Devgen သည် ဥရောပတွင် တစ်ခုတည်းသော စပ်မျိုးစပါးနှင့် ပတ်သက်၍ အထူးပြု ဆောင်ရွက်သည့် ကုမ္ပဏီဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ရင်းနှီး မြှုပ်နှံ၍ စပ်မျိုးစပါးများ ထုတ်လုပ်ရောင်းချနေသည်။
ယင်းစပ်မျိုးစပါးကို မြန်မာနိုင်ငံအနှံ့ နေရာဒေသ အသီးသီးရှိ စိုက်ပျိုးမြေဧက ၄၅၀ ခန့်တွင် စမ်းသပ်စိုက်ပျိုးလျက် ရှိကြောင်း ဦးထိန်လင်းက ပြောဆိုသည်။
The Voice Weekly
No comments:
Post a Comment