Wednesday, August 28, 2013
အင်ဒိုနီးရှား နိုင်ငံတွင် လာမည့်လ၌ ကျင်းပမည့် "Miss World" ပြိုင်ပွဲကို ဖျက်သိမ်းရန် အစိုးရ အဖွဲ့ဝင်အား ၎င်းနိုင်ငံရှိ အစ္စလာမ်မစ် အုပ်စု က တောင်းဆိုခဲ့ကြောင်း သိရသည်။အဆိုပါ ပြိုင်ပွဲတွင် အမျိုး သ မီး များသည် ၎င်းတို့၏ ခန္ဓာကိုယ် အလှကို ဖော်ထုတ် ပြသကြမည် ဖြစ်ပြီး ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် မွတ်စလင် ဘာသာရေး စည်းမျဉ်းကို ချိုးဖောက်ရာ ရောက်ကြောင်း၊ ထို့ကြောင့် ၎င်းပြိုင်ပွဲကို ဖျက်သိမ်းပေးရန် အစ္စလာမ်မစ် အုပ်စုက တောင်းဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Miss World ပြိုင်ပွဲကို အင်ဒိုနီးရှား နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ဆန့်ကျင် တုံ့ပြန်မှုများ ပြုလုပ်သွားရန် အတွက် အစ္စလာမ်မစ် ဘာသာရေး ခေါင်းဆောင်များ၏ ထိပ်တန်းအဆင့် ဆွေးနွေး ပွဲကို ယခုလ အစောပိုင်းတွင် ကျင်းပခဲ့ကြောင်း ယူလီမာ ကောင်စီမှ ဥက္ကဋ္ဌ အမီဒန် ရှာဘီရာက ပြောကြားခဲ့သည်။
မြ၀တီ

No comments:
Post a Comment