Wednesday, August 14, 2013

Peugeot ထုတ် ဟိုင်းဘရစ် Onyx စူပါကား

ဟိုင်းဘရစ်ကား ခေတ်စားချိန်မှာ ပြင်သစ် Peugeot လည်း ဟိုင်းဘရစ် ထုတ်ပါတယ်။ ထူးခြားချက်ကတော့ စူပါကား အနေနဲ့ ထုတ်လုပ်ခြင်း ဖြစ် ပါတယ်။

Peugeot ရဲ့ နာမည်ကြီး စူပါကားဘရန်း Onyx ကိုပဲ ဆက်လက်မြင့် တင်ခြင်း ဖြစ်ပါတယ်။ Onyx ရဲ့ အောင်မြင်ချက် ကတော့ သုံးဘီးဆိုင် ကယ်တောင် ထွက်ရှိပါတယ်။

ယခုလည်း လျှပ်စစ်မော်တာ ပါဝင်ပေါင်းစပ် ထားတဲ့ စူပါကား Onyx ဖြစ်ပါတယ်။ ကားဘော်ဒီတစ်ခုလုံးကို ကာဘွန်ဖိုက် ဘာနဲ့ လုပ်ပြီး ဘေးအနား နှစ်ဖက်ကို ကြေးဝါနဲ့ ကွပ်ထားပေးပါတယ်။ ဒီတော့ အားသာချက်က ပြောင်လက်နေပြီး အလေးချိန် လျော့ နည်း ခြင်း ဖြစ်ပါတယ်။ တစ်ကိုယ်လုံးပေါင်းမှ အလေးချိန်က ၂၄၂၅ ပေါင်ပဲ ရှိပါတယ်။ တံခါး နှစ်ပေါက် နှစ်ယောက် စီးပြိုင်ကား ဖြစ်ပါတယ်။

၃၇၀၀ စီစီ ၈လုံးပူး V အင်ဂျင်ကြောင့်လည်း မြင်းကောင်ရေအား ပိုမိုမြင့် တင်ပေးပါတယ်။ ဂီယာကျတော့ ၈ချက်ထိုး ဖြစ်ပါတယ်။ မြင်းကောင်ရေ ၈၀ အားထုတ်လုပ်ပေးနိုင်တဲ့ လစ်သီယမ် အိုင်ယွန်း ဘက်ရီ ပါဝင်ပါတယ်။ အပြင်ပိုင်း ပြင်ဆင်မှုတင်မကပဲ အတွင်းခန်း ပြင်ဆင်မှုပါ Peugeot မှ သေသေချာချ လုပ်ထား ပေးပါတယ်။ ပြိုင်ကားမှန်ရင် ဆီစားကြီးတဲ့ ရာဇဝင်ကို Onyx ရဲ့  ဟိုင်းဘရစ် စူပါကားက ဖြိုဖျက်မှာ ဖြစ်ပါတယ်။ ဒီဇိုင်းလားဖြင့်လှပတဲ့ ကြေးနီနဲ့ စတီးရောင်ရော Onyx hybrid Supercar ကို ၂၀၁၂ ပဲရစ်မော်တော်ယာဉ် ပြပွဲမှာ ယခုလို တွေ့မြင်ခဲ့ရပါတယ်။

Ref:autoblog
ColayAutomobile

No comments: