Sunday, August 18, 2013

"မကြာမီ လာမည့် Samsung Smart Watch "

Sunday, August 18, 2013
သာမန် နာရီတစ်ခုလို အချိန်ကြည့်ရုံ တင်မကဘဲ ဖုန်းဆက်ခြင်း ၊အီးမေလ်းပို့ ခြင်း ၊ အင်တာနက် ၀ဘ်ဆိုက် အသုံးပြုခြင်း စတာတွေကိုလုပ်နိုင်မဲ့ စမတ်နာရီကို Samsung က မကြာခင် ဈေးကွက်ကို ချပြတော့မယ်လို့  ဆိုပါတယ်။

စက်တင်ဘာလ အတွင်း ချပြသွားဖို့  ရှိတယ်လို့ သိရပြီး ယခုတလော နာမည်ကြီးနေတဲ့ Apple ရဲ့  iPhone 5C နဲ့ အပြိုင် ဖြစ်ပါလိမ့်မယ်။

နာရီ ၀တ်ဆင်ရတာ မကြိုက်တဲ့ ဝေဖန်သူ တစ်ချို့ ကတော့ ..နာရီ Screen မှာ အင်တာနက် သုံးဖို့  မဖြစ်နိုင် ကြောင်း ပြောဆိုထားကြပြီး တကယ့်စမတ်နာရီက Screen မှာ အရွယ်အစားအတိုင်းအတာဘယ်လောက်ရှိ မည်ကိုတော့ သေချာမသိရသေးတာ ဖြစ်ပါတယ်။

ဒီတော့ လာမဲ့ စက်တင်ဘာလမှာ ချပြတော့မဲ့ Samsung Smart Watch ကို ရင်ခုန်စွာနဲ့  စောင့်မျှော်ကြ ရမှာ ဖြစ်ပါကြောင်း ။


Freddy ( Stuff Myanmar)

No comments: