Friday, August 23, 2013

အမေရိကန်မှာ Yahoo က Google ထက် အသုံးပြုသူများ


Friday, 23 August 2013


Yahoo စီအီးအို Marissa Mayer အောင်ပွဲခံရမယ့်လ ဖြစ်ပါတယ်။ Google ကို ကျော်လွန်လို့ အမေရိကန် မှာ လူသုံးအများဆုံး Search Engine အဖြစ် ဇူလှိုင်လ အတွက် Yahoo မှ ထိပ်တန်း ရပ်တည်ခဲ့ပါတယ်။

အရေအတွက်အားဖြင့် Visitor ၄ သိန်း ပိုများခဲ့ပြီး Yahoo က Google ကို အနိုင်ရလိုက်ခြင်း ဖြစ်ပါတယ်။ ဒါတောင် မကြာမီက ဝယ်ခဲ့တဲ့ Tumblr နဲ့ ပေါင်းတဲ့ ရလဒ်မဟုတ်ပါဘူး။ Tumblr ရဲ့  Visitor နဲ့ပါ ပေါင်းလိုက် ရင် Yahoo ဟာ Google ထက် Visitor သိသိသာသာ များသွားမယ့် ဆိုဒ် ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံ မှာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်း အတာနဲ့ ယှဉ်ရင်တော့ Google ကိုမမှီသေးပါဘူး။


ကမ္ဘာ့ လူသုံးအများဆုံး Search Engine နေရာမှာတော့ Google ကပဲ တည်ရှိနေပါသေးတယ်။ တရုတ် ပြည်မှာလည်း Google ရဲ့  ပထမ နေရာက မသေချာပါဘူး။ တရုတ်ပြည်တွင်းက နာမည်ကြီး Search Engine အချို့  အောင်မြင်လာနေပြီး Google ကိုကျော်လွန်သွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် Yahoo ရဲ့  အမေရိကန်ပြည်တွင်း စတော့ရှယ်ယာ ဈေးနှုန်းဟာ သြဂုတ်လမှာ သိသိသာသာ မြင့်တက်လာပြီး စီးပွားရေး မြင့်တက် လာကြောင်း သိရပါတယ်။
.
Ref:mashable
Aung Kham (TSJ team)

No comments: