Sunday, 01 September 2013
အိုဟိုင်းယိုး ပြည်နယ်လွှတ်တော်အမတ်နဲ့  အမေရိကန်အထက်လွှတ်တော် ဥက္ကဌ ဂျွန်ဘေးနားက သမ္မတ အိုဘား ကနေ အဆိုပြုထားတဲ့ ဆီးရီးယားကိုတိုက်ဖို့  အတည်ပြုချက်ကို စက်တင်ဘာလ ၉ ရက် နေ့ ကျရင် လွှတ်တော်မှာ အခြေအနေဆွေးနွေးပြီး မဲခွဲမှာ ဖြစ်တယ်လို့  ပြောပါတယ်။
တိုင်း ပြည်မှာ အရေး ကြုံတဲ့အခါကျရင် စစ်သေနာပတိ တာဝန်ယူခွင့်ရှိ သူ ဖြစ်တာမို့  လွှတ်တော်ရဲ့  ခွင့် ပြု ချက်မရလည်း စစ်ခင်း နိုင်တာ တွေ ၊ စစ်မက်ဖက် ပြိုင်တာတွေလုပ် နိုင်ပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက နေ သဘောတူညီမှု နဲ့ တိုက်တဲ့ စစ်ပွဲ ဖြစ်ချင်တာမို့  သူဟာ လွှတ်တော်ရဲ့ ခွင့်ပြုချက်ယူတာ ဖြစ်ကြောင်း အိမ်ဖြူတော် နှင်းဆီ ဥယာဉ်မှာ ပြုလုပ်တဲ့ မိန့် ခွန်းမှာ အိုဘားမား က ပြော ကြားခဲ့တာ ဖြစ်ပါတယ်။
အစပိုင်းမှာ တော့ မြေထဲပင်လယ် အရှေ့ဘက် ခြမ်းကို စစ်သင်္ဘော တွေ လွှတ် ပြီး စစ်ပြင်တာလောက်ပဲရှိခဲ့ ပေမယ့် သောကြာ နေ့  ညမှာ တော့ ဆီးရီးယားကို တိုက်ဖို့  သူဆုံးဖြတ် ပြီးသွား ပြီလို့  Wall Street Journal သတင်းက ဆို ပါတယ်။
အမေရိကန် အစိုးရအဖွဲ့ ထဲက ထိပ်တန်းအရာရှိတစ်ဦးကတော့ လွှတ်တော်ကခွင့်မပြုရင်လည်း အိုဘားမား အစိုးရအနေနဲ့  ဆီးရီးယားကို ဒဏ်ခတ်ဖို့  လုပ်မယ်လို့  ပြောပါတယ်။
ကုလ လက်နက်စုံစမ်းစစ်ဆေးသူ တွေ ဆီးရီးယားက ထွက်ခွာလာပြီးနောက် ဆီးရီးယားမှာ တိုက်ပွဲတွေ ဆက် ဖြစ်နေပြီး အချို့  နေရာတွေမှာ အစိုးရ လေတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေရှိတယ်လို့  သတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆီးရီးယားက သူပုန်တွေကတော့ အမေရိကန်ရဲ့  အရေးယူမှု နှေးကွေးတာကြောင့် အာဆဒ်ကို သစ္စာခံတဲ့ တပ်တွေ ပြင်းပြင်းထန်ထန်လက်တုံ့  ပြန် ခြင်းကိုခံရတယ်လို့  စောဒက တက်ကြပါတယ်။
နှင်းဆီ ဥယာဉ် မှာ မိန့် ခွန်းမပြော ကြားခင်မှာ အိုဘားမား က ပူးတွဲစစ်ဦးစီး ချုပ် ဗိုလ်ချုပ်Martin Dempsey နဲ့  တွေ့ ဆုံ ဆွေးနွေး ခဲ့ ပြီး ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်း နဲ့ လည်းတယ်လီဖုန်း နဲ့  ဆွေးနွေးခဲ့ ပါတယ်။
အိုဘားမား က သူ့ ရဲ့  မိန့် ခွန်းမှာ ဆီးရီးယားကို မြေပြင်တပ် တွေ လွှတ်မှာ မဟုတ်ဘူးဆိုတာနဲ့  အာဆဒ် ရဲ့  စစ်ရေးဗျုဟာတွေကို အကန့်အသတ်ထား ပြီး တိုက်ခိုက်မယ်ဆိုတာကို ထည့်သွင်း ပြောကြားသွားပါတယ်။
Freedom News Group(Burma)
No comments:
Post a Comment