Thursday, September 19, 2013

စနိုဒင်ကို ဥရောပ လူ့အခွင့်အရေး ဆုအတွက် အမည်တင်သွင်း

Thursday, September 19, 2013
တလောက ကမ္ဘာသတင်းလောကမှာ နေရာယူထားသူ အမေရိကန် စပိုင်ဟောင်း အက်ဒ၀ပ်ဒ် စနိုဒင်ဟာ ဥရောပ သမဂ္ဂက ပေးအပ်ချီးမြှင့်တဲ့ လူ့အခွင့်အရေးအတွက် အမည်စာရင်းတင်သွင်း ခံထားရပါတယ်တဲ့။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင်တွေဖြစ်ကြတဲ့ မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်အာဖရိကနိုင်ငံက နယ်လ်ဆင် မန်ဒဲလားတို့လည်း Sakharov Prize ဆုကို ရရှိခဲ့ဖူးကြပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေးအချက်အလက်တွေကိုပေါက်ကြားမှုနဲ့ ထွက်ပြေး တိမ်းရှောင် ရင်း ရုရှားနိုင်ငံမှာ ယာယီခိုလှုံနေတဲ့ စနိုဒင်ဟာ လွတ်လပ်စွာ တွေးခေါ်မှုအတွက် Sakharov Prize ဆုရဖို့
အတွက် ဥရောပ ပါလီ မန်က အမည်စာရင်းတင်သွားခံထားရသူ ၇ ဦးထဲမှာ ပါဝင်လာတယ်လို့ ရိုက်တာ သတင်းတပုဒ်မှာ ဆိုပါတယ်။

ဥရောပ ပါလီမန်မှာ Greens တွေက စနိုဒင်ဟာ အမေရိကန်ရဲ့ အင်တာနက်နဲ့ တယ်လီဖုန်း လျှို့ဝှက်စောင့် ကြည့်ဖမ်းယူ နေမှုတွေကို ဖော်ထုတ်ခဲ့တာကြောင့် ဒါဟာ လူ့ အခွင့်အရေးအတွက် ကြီးမားတဲ့ တာဝန်ထမ်း ရွက်ခဲ့တာဖြစ်လို့ အမည်စာရင်တင်သွင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အက်ဒ၀ပ် စနိုဒင်ဟာ ကျနော်တို့ကို အကာအကွယ်ပေးဖို့ ကူညီရင်း သူ့ရဲ့လွတ်လပ်ခွင်တွေနဲ့ ရင်းနှီးခဲ့ရပါ တယ်။ ဥရောပနဲ့ အမေရိကားတို့က သူလျှိုတွေက နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့်တွေအပေါ် စနစ် တကျ ချိုးဖောက်နေတာကို သူက မီးမောင်းထိုးပြလိုက်တာမို့ သူ့ကို ဂုဏ်ပြုဖို့ ထိုက်တန်တယ်” လို့ လက်ဝဲယိမ်း Greens အုပ်စု ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ Rebecca Harms နဲ့ Dany Cohn-Bendit တို့က ပြောကြ ပါတယ်။

ဒီလို ဥရောပသမဂ္ဂက ပေးတဲ့ လူ့အခွင့်အရေးဆု Sakharov Prize အတွက် စနိုဒင်ကို အမည်စာရင်း တင်သွင်းလိုက်တဲ့ အထဲ ပါဝင်လာတာကြောင့် အမေရိကန်အနေနဲ့ စိတ်မသက်မသာဖြစ်မှာကတော့ အသေအချာပါ။

အဆိုပါ ဆုအတွက် အမည်စာရင်းတင်သွင်းခံရသူတွေထဲမှာ အမျိုးသမီးများ ပညာရေးအတွက် ကြိုးပမ်းလို့ တာလီဘန်တွေရဲ့ သေနတ်နဲ့ ဦးခေါင်းပစ်ခံခဲ့ရသူ ပါကစ္စတန်နိုင်ငံက မာလာလာလည်း အပါအ၀င်ဖြစ်ပါ တယ်။

Sakharov Prize ဆုအတွက် ဥရောပ ပါလီမန်ကတော့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ နောက်ဆုံး ၃ ဦးကို ဇကာတင် မဲပေး ရွေးချယ်ပြီး အောက်တိုဘာလ ၁၀ ရက်နေ့မှာတော့ ပါလီမန် ခေါင်းဆောင်တွေက ဆုရရှိ သူကို ရွေးချယ်သွားမှာပါ။

ဧရာဝတီ

No comments: