Wednesday, September 18, 2013
မိုးယံနာမည်ဖြင့်အောင်ဘာလေထီအထူးထုတ်များကိုကရင်ပြည်နယ်၊ဘားအံမြို့နယ်၊၀ဲကရင်ကျေးရွာအုပ်စု၊ ရှမ်းကုန်းကျောင်းထိုင်ဆရာတော်အားထီရောင်းချသူနှစ်ဦးမှလာရောက်၍လိမ်လည်ရောင်းချမှုဖြစ်ပွားခဲ့ကြောင်းကိုထူးလှ(တောင်ကလေး)ကမြန်မာသံတော်ဆင့်သို့ပြောကြားခဲ့သည်။
ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊၀ဲကရင်ကျေးရွာအုပ်စု၊ရှမ်းကုန်းကျောင်းထိုင်ဆရာတော်အား ထီရောင်းချသူ နှစ်ဦးမှ သြဂုတ်လ ၈ ရက်နေ့တွင် (၂၉၆) ကြိမ်မြောက် ထီလက်မှတ် (၃)စောင်ကို ငွေကျပ် သုံးထောင်ဖြင့် လာရောက် ရောင်းချခဲ့ပြီး ဒုတိယအကြိမ်အဖြစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ဆရာတော် ကျောင်းတိုက်သို့ ရောက်ရှိလာသည့်အောင်ဘာလေထီရောင်းချသူ ၄ ဦးက ဆရာတော်ကို ကံစမ်းမဲကံထူးရှင် ပေါက်သည်ဟု ပြောကြား
ခဲ့ကြသည်။
၎င်းနောက် မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်ကြီးမှ အထူးထီ အထူးထုတ် (၂၁)စောင်အား ထီဘူး၏ တန်ဖိုးငွေကျပ် ငါးသိန်း ကိုးသောင်းတိတိ ဖြစ်ပြီး ရောင်းချခဲ့သော ထီဘူးမှ ကျပ်သိန်း (၁၀၀၊ ၂၀၀၊ ၃၀၀၊ ၅၀၀၊ ၁၀၀၀၊ ၁၅၀၀) ဆုကြီးများ ပါဝင်ခြင်း မရှိပါက ငွေကျပ် သိန်းနှစ်ဆယ်တိတိကို ပြန်လည် ပေးလျော်မည် … ဖြစ်သည်ဟု အဆိုပါ ၄ဦးပါ အဖွဲ့မှ ပြောကြားခဲ့ကြောင်း ထီထိုးခဲ့သူ ဆရာတော်မှ ပြောကြားခဲ့သည်။
၎င်းထီဘူးအပေါ်တွင် ပင်ရင်းမှ တာဝန်ယူပြီး (၁၀) ကျပ်တန် အခွန်တံဆိပ်ခေါင်း စာချုပ်၊ ပြည်တွင်း အခွန် ဦးစီးဌာန၊ မုဒုံမြို့နယ် အခွန်ဦးစီးဌာနမှူး၏ လက်မှတ် ပါရှိသည်နှင့်အတူ ခရီးစရိတ် ၁ သောင်း အပါအ၀င် စုစုပေါင်း ကျပ်ခြောက်သိန်းတိတိ ပေးခဲ့ရပြီး ကံထူးရှင်မှ မထိုးနိုင်ခဲ့လျှင် မည်သည့်တစ်ဦး၊ တစ်ခြား တစ်ယောက်ကို ပြန်လည် ရောင်းချခြင်းကို လုံးဝခွင့်မပြုဘဲ ကံထူးမဲပေါက်သည့် ကံထူးရှင်သာ ကံစမ်း ပိုင်ခွင့်ရှိပြီး ကံထူးရှင်မှ မထိုးနိုင်လျှင် ပင်ရင်းသို့ ပြန်လည် ပေးပို့ရမည်ဟု စာချုပ်ထဲတွင် ထည့်သွင်း ရေးသား ထားကြောင်း ဆရာတော်မှ ထပ်ဆင့် ပြောကြားခဲ့သည်။
အဆိုပါ လိမ်လည်ရောင်းချမှုနှင့် စပ်လျဉ်း၍ ““ကိုယ်စားလှယ်တွေမှာ ထိုးတဲ့အခါ အစောင်ရေ မှန်မမှန်၊ အကြိမ်ရေ မှန်မမှန်၊ ဈေးနှုန်း မှန်မမှန် စစ်ဆေးပြီးမှ အားပေးပါလို့ ကျွန်တော်တို့ရဲ့ မိုးယံ ရွှေလမင်းရဲ့ လိုဂို တံဆိပ်တွေကိုပါ အကုန်လုံး ရေးပေးထားပါတယ်။ ကျွန်တော်တို့ ပင်ရင်းကတော့ သတ်မှတ်ထားတဲ့ ဈေးနှုန်း ထီတစ်စောင် (၃၀၀) ကျပ်ဖြင့်သာ ရောင်းချနေတယ်”” ဟု မိုးယံ ပင်ရင်း မန္တလေးရုံးချုပ်မှ အရောင်းမန်နေဂျာ ဦးသန်းဝင်းက ပြောကြားခဲ့သည်။
ဘာအံမြို့၊ ဘုရားကြီးလမ်း၊ မိုးယံရွှေလမင်းနှင့် မြတ်ဆုကုဋေ
အောင်ဘာလေထီ အရောင်း ကိုယ်စားလှယ် ဒေါ်မိုးသူဇာမှ အထူးထုတ် ထီဘူးပါကင်များကို ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်း (လုံးဝ) မရှိပါဟု
ပြောကြားခဲ့ သည်။
myanmarthandawsint

No comments:
Post a Comment