Wednesday, September 18, 2013

ကျိုက်ထီးဆောင်းဆရာတော် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမည်


Wednesday, September 18, 2013
ပြည်တွင်းပြည်ပပညာရှင်အချို့ဆယ်ယူနိုင်ခြင်းမရှိသေးသည့်ဓမ္မစေတီခေါင်းလောင်းကိုဆယ်ယူရန်ရန်ကုန်တိုင်းအစိုးရထံမှခွင့်ပြုမိန့်ရပြီးဖြစ်ကြောင်းကျိုက်ထီးဆောင်းဆရာတော်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တပညာဒီပကမိန့်ကြားသည်။သတ္တမသင်္ဂါယနာတင်သည့်အချိန်တွင်ဓမ္မစေတီခေါင်းလောင်းကြီးကိုထိုး၍အမျှအတမ်းဝေမည်ဖြစ်သည့်အတွက်ကြောင့်ပြန်လည်ဆယ်ယူခြင်းဖြစ်ပြီးအဆိုပါခေါင်းလောင်းကိုဆယ်ယူရန်နိုင်ငံတော်အကြီးအကဲများကလည်းသဘောတူလက်ခံကြောင်းလိုအပ်သည့်ကိစ္စများကိုကူညီမည်ဟုပြောကြောင်းဆရာတော်ကဆက်လက်မိန့်သည်။

”ပဉ္စမသင်္ဂါယနာမန္တလေးမှာတင်ခဲ့ပြီးပြီ။ ဆဋ္ဌမသင်္ဂါ ယနာ ရန်ကုန်မှာတင် ခဲ့ပြီးပြီ၊ နောင် သတ္တမသင်္ဂါယနာ တင်တဲ့အခါကျရင်ဒီခေါင်းလောင်းကြီးကိုထိုးမလို့၊သောင်းတိုက်စကြဝဠာအထိ၊အဲဒီအခါကျရင်တော့ရှေးတုန်းက ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ နေထိုင်တဲ့နိုင်ငံပဲ။ ဒါမျိုးတွေ ပေါ်ပေါ်ထွန်းထွန်း အခက်အခဲတွေကနေ အောင်မြင် ကျော်လွှားတယ်ဆိုရင် တိုင်းပြည်ရော ဘာသာသာသနာ ရော လူမျိုးရောအားလုံး ကုသိုလ်တွေ လိုက်ဖက်ညီအောင် ဖွံ့ဖြိုးလာမယ်၊ ကုသိုလ်တွေ …စည်ပင်ဖွံ့ဖြိုးသလို တိုင်းပြည်တွေပါ အားလုံးစည်ပင် ဖွံ့ဖြိုးတိုးတက်မယ်၊နယ်မြေအစိုးရမင်းရာဇာတွေလည်းပဲမင်းကောင်းမင်းမြတ်တွေပေါ်ထွန်းမယ်၊စီမံခန့်ခွဲအုပ်ချုပ်မင်းပြုတဲ့သူတွေ၊အဲဒီထဲမှာထင်ရှားတာတော့ခေါင်းလောင်းကြီးရဲ့ဒါယကာ၊ရွှေတိဂုံဘုရားကြီးရဲ့ဒါယကာ ဓမ္မစေတီမင်းကြီး လုပ်ရတာ၊ အဲဒီအလုပ်ဆိုတော့ အဲဒါနဲ့ ညီမျှတာ အောင်မြင် မှုရရင် ရွှေ တိဂုံဘုရားကြီးရဲ့ ကုန်းတော်ပေါ် ရောက် ရင် ဝမ်းမြောက်စရာလည်းရှိမယ်၊ အဲဒါ ကြောင့် ဒီက အဖုံဖုံ အင်အားကြီးသလို ကမ္ဘာအထိပါ အကြောင်းဆက်နေတယ်၊ ကောင်းဖို့ပါ”ဟု ဆရာတော်က ခေါင်း လောင်းဆယ်ယူရသည့် အကြောင်းရင်း နှင့်အကျိုး ဆက်ကို မိန့်ကြားသည်။
လက်ရှိတွင် ယင်း ဓမ္မစေတီခေါင်း လောင်းသည် သန်လျင်မြို့အနီး ပဲခူးမြစ် နှင့် ရန်ကုန်မြစ် ဆုံရာတွင် ရှိသည်ဟု ပြည်တွင်းပြည်ပ ပညာရှင်များက ခန့် မှန်းပြောဆိုေ နသော်လည်း တိကျသည့် တည်နေရာ အထောက်အထား တစ်စုံ တစ်ရာ မရရှိသေးပေ။ ဆရာတော်အနေ ဖြင့်လည်း ယခု ထိုခေါင်းလောင်းကို ဒိဋ္ဌ ပြန်လည်ဆယ်ယူရ ရှိနိုင်မည်ဟု မဆိုလို ကြောင်း၊ ကံအလုပ်သည် ဒိဋ္ဌပြောဆို၍ မရ၊ ခြွင်းချက်ရှိကြောင်း မိန့်သည်။ ”ဘုရားဂုဏ်၊တရားဂုဏ်၊ သံဃာ့ ဂုဏ်ကြောင့် အခြေခံထားပြီး လုပ်ကြည့် မယ်။ အခုချိန်ထိ ပြောဆိုကြတဲ့အထဲမှာ ငါလုပ်လို့ရမယ်လို့မပြောသေး ဘူး။ ပြော ကြတာ အပြင်က ပြောကြတာ။ ဒီကဆံ တော်ရှင်တွေလည်းသူများလုပ်လို့မရတာလုပ်လို့ရကြတယ်။ကျိုက်ဓနုတ်ဘုရားကြီးလည်းခဏခဏပြိုတယ်၊အခက် အခဲတွေကို လည်း အောင်မြင်တယ်။ ဒီ ခေါင်းလောင်းကြီးလည်း ရနိုင်ပါတယ်။ ဒါကတော့ သူတို့ပြောတာ။ ဒီက အမြင် ကတော့ ဘာမဆို လောကကံကိစ္စဆို တာ အမြဲ ခြွင်းချက်ထား တယ်။ ရနိုင် အောင်ကြိုးစား၊နည်းအမျိုးမျိုးသာသနာမှာရှိတယ်။ကုသိုလ်နဲ့တော့အကြောင်းခံရတယ်။အဲဒီ နည်းလမ်းများနဲ့ လုပ် ဆောင်ရမယ်။ သို့သော်အခုချိန်ထိ မလုပ် သေးဘူး။ မလုပ်သေးတာ။ လိုချင်တဲ့ပုံစံ ကိုမဖြစ်သေးဘူး”ဟု ဆရာတော်က မိန့် သည်။ 

ထိုကုန်ကျစရိတ်များအတွက်ဇေကမ္ဘာကုမ္ပဏီမှတာဝန်ယူမည်ဟုသိရသည်။ယခုအချိန်တွင်ခေါင်းလောင်းကြီးနှင့်ပတ်သက်သည့်သမိုင်းစာတမ်းအထောက်အထားများကိုစုဆောင်းလေ့လာနေကြောင်း၊ပွင့်လင်းရာသီရောက် မည့် ဝါကျွတ်ဝါပအချိန်တွင် လုပ်ငန်း စတင်နိုင်ခြေရှိကြောင်း၊ ဆရာတော် အနေဖြင့် ခေါင်းလောင်း ဆယ်ယူသည့်လုပ်ငန်းကိုကူညီလိုသူ၊လုပ်အားပေးလိုသူများကိုလည်းသတ်မှတ်သည့်စည်းကမ်းချက်များလိုက်နာပါကလက်ခံမည်ဟုဆရာတော်ကဆက်လက်မိန့်ကြားခဲ့သည်။ကျိုက်ထီးဆောင်းဆရာတော်သည်ကျိုက်ဓနုတ် ဆံတော်ရှင်စေတီတော် ပြိုပျက် ထိခိုက်ပျက်စီးခြင်းကို ပြုပြင်ရာ မှ အကြောင်းဆက်ကာ ယခု ခေါင်း လောင်းကြီးအား ဆယ်ယူရန် အဓိဋ္ဌာန် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 Popular Myanmar News Journal

No comments: