Friday, September 06, 2013

တစ်နှစ်ကျော်ကြာ သိန်း ၁၅၀၀ လာမထုတ်သည့် ထီကံထူးရှင်ရှိနေ


 Friday, September 6, 2013 

တစ်နှစ်ကြာသည်အထိလာမထုတ်သောကျပ်သိန်း၁၅၀၀ထီပေါက်သည့်ကံထူးရှင်ရှိနေပြီး ၎င်းမှာပြီးခဲ့သည့် နှစ်စက်တင်ဘာလတွင်ပေါက်ခဲ့သည့်ထီနံပါတ်ဖြစ်ကာတစ်နှစ်ကြာယခုလကုန်အထိ လာရောက် ထုတ်ယူမှု မရှိပါကယင်းငွေကြေးကိုနိုင်ငံတော်ဘဏ္ဍာငွေအဖြစ်သိမ်းမည်ဖြစ်သည်ဟုပြည်တွင်းအခွန်များဦးစီးဌာန၊အောင်ဘာလေ သိန်းဆုဌာနခွဲမှ အကြီးတန်းအရာရှိတစ်ဦးက မဇ္ဈိမကိုပြောသည်။

 အောင်ဘာလေသိန်းဆု ပေါက်စဉ် ကြေညာသည့်ရက်မှ တစ်နှစ်အတွင်း လာရောက်ထုတ်ယူခြင်းမရှိသော ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်သည်။ အဆိုပါ ကျပ်သိန်း ၁၅၀၀ အထူးဆုကြီးကို ယခု စက်တင်ဘာလအတွင်း လာရောက်ထုတ်ယူခြင်းမရှိပါက အောက်တိုဘာလ တွင် ဘဏ္ဍာငွေအဖြစ် သိမ်းယူသွားမည်ဖြစ်သည်။ အောင်ဘာလေသိန်းဆု ဌာနခွဲမှအကြီးတန်းအရာရှိတစ်ဦးက “တချို့က ထီထိုးပြီး ထီစာရွက်ပျောက်သွားတာ။ လိပ်စာ သေချာမပေးတာ။ ဖုန်းနံပါတ်မှန်ကန်မှုမရှိတာကြောင့် ဖြစ်တယ်။ ထီဆိုင်တွေကလည်း ထီပေါက်တဲ့သူတွေကို လှုံ့ဆော်မှု အားနည်းတာလည်း ပါတယ်” ဟုပြော သည်။

 ထီပေါက်ပြီး ဆုငွေထုတ်ယူမည့်သူများ လိုက်နာရမည့် စည်ကမ်းများမှာ ဆုလက်မှတ်တင်ပြနိုင်မှသာလျှင် ဆုငွေ ထုတ်ယူခွင့်ရှိခြင်း၊ တင်ပြတောင်းခံသော ဆုလက်မှတ်၏ အက္ခရာနှင့်ဂဏန်းတို့ တစ်ဆက်တစ်စပ် တည်းမရှိဘဲပိုင်းပြတ်ဆုတ်ပြဲနေပါကဆုငွေထုတ်ပေးမည်မဟုတ်ပါ။အက္ခရာနှင့်ဂဏန်းများတွင်ပြင်ရာ၊ဖျက်ရာတွေ့ရှိလျှင်လည်း ဆုငွေထုတ်ပေးခြင်းကိုအောင်ဘာလေသိန်းဆုဌာနခွဲမှငြင်းပယ်ခွင့်ရှိသည်။ထီလက်မှတ် ၀ယ်ယူကြောင်း၊ပိုင်ဆိုင်ကြောင်း၊ပျောက်ဆုံးကြောင်းတို့နှင့်စပ်လျဉ်းသောအချက်များ၊အငြင်းပွားခြင်းများ၊ကန့်ကွက်ခြင်းများစသည်တို့ကိုအောင်ဘာလေသိန်းဆုဌာနခွဲမှလက်ခံစဉ်းစားမည်မဟုတ်ဘဲထီလက်မှတ်မပြနိုင်ပါကဆုငွေထုတ်ပေးမည်မဟုတ်ဟုလည်းယင်းဌာနမှသိရသည်။ဆုရလက်မှတ်တင်ပြသူကိုသာလျှင်ဆုငွေရထိုက်သည်ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ အသိအမှတ်ပြုမည် ဖြစ်သည်။

 ထီလက်မှတ်ပျောက်၍ဆုငွေမရရှိသည့်ဖြစ်ရပ်နှင့်ကြုံတွေ့ဖူးသူမင်းဘူးမြို့နယ်မှကိုနိုင်လင်းကကျွန်တော်တို့မိသားစုမှာ၂၅သိန်းဆုအောင်ဘာလေထီပေါက်ဖူးပါတယ်။ဒါပေမဲ့ရန်ကုန်ကနေနယ်ဘက်ကိုအပြောင်းအရွှေ့ကာလမှာထီလက်မှတ်ပျောက်သွားတဲ့အတွက်ဆုငွေမရရှိခဲ့ပါဘူး။ထီထိုးတဲ့ထီဆိုင်ကလည်းထီပေါက်ကြောင်းလာအကြောင်းကြားပေမယ့်လက်မှတ်မပြနိုင်တဲ့အတွက်ဆုငွေထုတ်လို့မရခဲ့ပါဘူး။ထီပေါက်ပေမယ့်ဆုငွေနဲ့လွဲခဲ့ရတယ်ဟုသူ၏အတွေ့အကြုံကိုပြောသည်။ရန်ကုန်မြို့၊ကျောက်တံတားမြို့နယ်ရှိသားကောင်းရတနာထီဆိုင်မှပိုင်ရှင်တစ်ဦးကဦးတို့ဆိုင်ကမှန်ကန်တဲ့လိပ်စာပေးရင်အကြောင်းကြားပေးပါတယ်။ နီးနီးနားနားဆို လူကိုယ်တိုင် သွားပြောပေးပါတယ်။ 

ပေါက်တဲ့သူရှိဆိုရင် လိပ်စာမပေးထားလို့အ ကြောင်းကြားလို့မရတာလဲ ရှိတယ်။ ၁၅၀၀ ဆုကို ဘဏ္ဍာငွေ အဖြစ် မသိမ်းဘဲဆုငွေ အဖြစ်ပြန်ပေးရင် အများကံစမ်းမယ့် ပြည် သူလူထုမှာ ပိုအကျိုးရှိမယ်လို့ထင်ပါ တယ်” ဟုပြောသည်။ လာရောက်ထုတ်ယူခြင်းမရှိသည့် အောင်ဘာလေ ထီဆုများမှ ကျပ်တစ်သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ အများဆုံး ဖြစ်သည်ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ သိရသည်။  

  Mizzima - News in Burmese

No comments: