Wednesday, September 04, 2013

ဘားအံမှာ ဘာသာပေါင်းစုံဆွေးနွေးပွဲ ကျင်းပ


Wednesday, 04 September 2013

ဘာသာပေါင်းစုံငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးဆွေးနွေးပွဲကိုကရင်ပြည်နယ်ဘားအံမြို့ကံသာဦးခန်းမမှာ ဒီနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပါတယ်။

ဘာသာပေါင်းစုံယှဉ်တွဲနေထိုင်ဖို့ရည်ရွယ်ချက်နဲ့မူဝါဒလမ်းစဉ်တွေချမှတ်ဖို့အသေးစိတ် ဆွေးနွေးသွားဖို့ရှိတယ်လို့ ဘားအံမြို့ ကြားတောရဆရာတော် ဦးစန္ဒာဝရက RFA ကို အခုလို မိန့်ကြားပါတယ်။

“ဘာသာပေါင်းစုံက ခေါင်းဆောင်တွေပါပါတယ်၊ ခရစ်ယာန်အဖွဲ့က သာသနာရေးမှူးတွေအပါအဝင် သက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေပါပါတယ်၊လောလောဆယ်ချစ်ကြည်ရေးတည်ဆောက်ဖို့အတွက်ဦးတည်ပြီးတော့ ဆွေးနွေးတာပါ၊ တခြားကျယ်ကျယ်ပြန့်ပြန့်တော့ မဆွေးနွေးရသေးဘူး၊ ၁ဝ ဦးကော်မတီအနေနဲ့ မူကြမ်းအားဖြင့် ဖွဲ့လိုက်တာရှိတယ်၊အတူတကွယှဉ်တွဲနေထိုင်ဖို့အတွက်မူဝါဒလမ်းစဉ်တွေချမှတ်ပြီးအသေးစိတ်စဆွေးနွေးဖို့ရှိပါတယ်”

ဒီနေ့ဆွေးနွေးပွဲမှာဘာသာခြားတွေအကြားတစ်ဦးနဲ့တစ်ဦးသံသယတွေ၊အမြင်မကြည်တာတွေကိုလျော့ချပြီး အတူယှဉ်တွဲနေထိုင်နိုင်ဖို့ ဆိုတဲ့အချက်ကို အဓိထားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ဆွေးနွေးပွဲကို သံဃာတော်တွေအပြင် ခရစ်ယာန်၊ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာရေးခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

လာမယ့် စက်တင်ဘာလ ၁ဝ ရက်နေ့မှာ လုပ်ငန်းစဉ်ချမှတ်ဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

RFA Burmese

No comments: