Monday, September 9, 2013
အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့နှင့်ဆက်နွယ်သည့်အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့တစ်ခုသည်ဆီးရီးယားရှိခရစ်ယာန်သမိုင်းဝင်မြို့ဖြစ်သည့်မာလူလာကိုသိမ်းယူလိုက်ကြောင်းသိရှိရသည်။အစွန်းရောက်အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တစ်ခုဖြစ်သည့်အယ်လ်ကေးဒါးတို့နှင့်အဆက်အစပ်ရှိနေကြောင်းယုံကြည်ရသည့်အယ်လ်နူဆာရာရှေ့တန်းစစ်မျက်နှာအဖွဲ့ကမာလူလာကိုသိမ်းပိုက်ခြင်းသည်ဒေသခံများအတွက်စိုးရိမ်စရာဖြစ်င်ကြောင်းဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အစည်းများကပြောကြားခဲ့သည်။အယ်လ်ဆာရာတို့သည်စနေနေ့ညပိုင်းကတည်းကဆီးရီးယားအစိုးရတပ်များကိုထိုးစစ်ဆင်တိုက်ခိုက်ကာတနင်္ဂနွေနေ့မနက်ပိုင်းတွင် မြို့ကို သိမ်းယူလိုက်ကြောင်း မြို့ခံသတင်းဌာနများက ဖော်ပြခဲ့သည်။
YouTubeတွင် သူပုန်တပ်များနှင့် သမ္မတ ဘာရှာ အာဆက်ဒ်၏ ဩဇာခံ စစ်တပ်များ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့် တိုက်ပွဲ ဗီဒီယိုများကို
လည်း လွှင့်တင်ထားသည်ကို တွေ့ရသည်။ ဒမတ်စကက်မှ ကားဖြင့်မောင်း
သွားလျှင် (၁)နာရီသာ ကြာမြင့်သည့် သမိုင်းဝင် ဘာသာရေး မြို့လေးကို သိမ်းယူမှုနှင့် ပတ်သက်ပြီး အယ်လ်နူဆာရာ အဖွဲ့များက "မာလူလာက အာဆက်ဒ်ရဲ့ နောက်လိုက်ခွေးတွေကို မောင်းထုတ်လိုက်ပြီ"ဟုကြေညာချက်ထုတ်ပြန်ခဲ့သည်။အယ်လ်နူဆာရာတို့မြို့ကိုသိမ်းပိုက်လိုက်ခြင်းကြောင့်
ဒေသခံခရစ်ယာန်ဘာသာဝင်များ၏လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍တိတိကျကျ မခန့်မှန်းနိုင်သေးချေ။
သို့သော်လည်း (၁၈)လကြာ စစ်ပွဲအတွင်း အစိုးရဘက်မှရော၊ အတိုက်အခံ
များ ဘက်မှပါ ခရစ်ယာန်တို့၏ ထောက်ခံမှုကို ရယူရန် အပြိုင်ကြိုး
ပမ်းနေခြင်းကြောင့် အယ်လ်နူဆာရာတို့ အနေဖြင့် အကြမ်းဖက်မှုများ မပြုလုပ်နိုင်ဟု လူ့အခွင့်အရေး အဖွဲ့များက မျှော်လင့်နေသည်။
မြို့ခံခရစ်ယာန်များကမူအချို့သောအစွန်းရောက်အစ္စလာမ်မစ်တော်လှန်ရေးတပ်ဖွဲ့များကဖိနှိပ်ရက်စက်မှုများရှိလာမည်ကိုပူပင်နေခြင်းဖြစ်သည်။အီရတ်တွင်ဖြစ်ပွားသောစစ်ပွဲတွင်အစ္စလာမ်မစ် ပြောက်ကျားများက ခရစ်ယာန်တို့ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ရာ ဆီးရီးယားတွင် အလားတူ အခြေအနေ ကြုံလာမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။
မှတ်တမ်းများအရ ဆီးရီးယားတွင် ခရစ်ယာန် ဘာသာဝင် (၁၀)ရာခိုင်နှုန်းမျှ
နေထိုင်ကြောင်း သိရှိရသည်။
Planet Myanmar Network

No comments:
Post a Comment