Wednesday, September 11, 2013
တစ်ချိန်တုန်းကအောင်မြင်ခဲ့တဲ့မင်းသမီးကြီးယဉ်ယဉ်အေးကအနုပညာအလုပ်တွေကိုနားထားတာကြာပြီဖြစ်ပြီးအခုအချိန်မှာသူ့ရဲ့အနုပညာမျိုးဆက်သစ်တူမဖြစ်သူဖြိုးရည်မျိုးရဲ့ရိုက်ကွင်းကိုလာရောက်ပြီးတူမကိုအနုပညာနဲ့ပတ်သက်ပြီးတော့သင်ပြ၊ပြောပြနေတာကိုတွေ့ရပါတယ်။တူမဖြစ်သူကိုလည်းကိုယ့်လိုမျိုးပဲအနုပညာရှင်တစ်ယောက်ဖြစ်စေချင်တယ်လို့ဆိုတဲ့ယဉ်ယဉ်အေးက..အန်တီကအနုပညာအလုပ်ကိုအနားယူလိုက်တာတော်တော်ကြာပါပြီ။အန်တီတို့ခေတ်နဲ့လုံးဝကိုဘာမှမဆိုင်တော့ဘူး။အခုခေတ်ကလေးတွေသရုပ်ဆောင်ဖြစ်ဖို့ဆိုတာလွယ်သွားပြီ။သင်တန်းတွေကလည်းစုံနေတဲ့အတွက်ဖြစ်ဖို့လမ်းစတွေများတယ်။အဲဒီအတွက်အခုအန်တီ့တူမလေးဖြစ်တဲ့ဖြိုးရည်မျိုးကိုလည်းအောင်မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်စေချင်တယ်။နာမည်ကြီးစေချင်တယ်။သူ့မှာကအရင်ကတည်းကထုတ်လုပ်ရေးလည်းရှိတော့အန်တီ့အနေနဲ့ကတော့အနပညာနဲ့ပတ်သက်ပြီးတော့ပြောပြ၊သင်ပြဖြစ်တယ်။ဘာမှမကြောက်ဘဲနဲ့ရဲရဲတင်းတင်းလုပ်ဖို့ပြောပြတယ်။သူကိုယ်တိုင်ကလည်းအနုပညာကိုဝါသနာပါတဲ့အတွက်ကြိုးစားပါတယ်။သူ့ကိုလည်းတအားဖြစ်စေချင်တယ်။ ကိုယ်တွေ တုန်းကလိုပဲ သူ့ကို ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။
ပျဉ်းမ ငုတ်တို ဇာတ်ကားကို ပရိသတ်တွေ ကလည်း အားပေးခဲ့ ကြသလို ကိုယ့်ရဲ့ဇာတ် ကားလေးတွေ တီဗီမှာ ပြန်ပြီး ကြည့်မိ တဲ့အခါမှာ ဆိုရင်လည်း ဂုဏ်ယူမိပြီး ကျေနပ်ရတယ်လို့ ယဉ်ယဉ်အေး က ဆိုပါတယ်။
“အန်တီ တို့က အခု အသက် ကြီးသွားတော့ အနုပညာ အလုပ်ကို စိတ်ထဲမှာ သိပ်ပြီး မရှိတော့ဘူး။ နားလိုက်တာလည်း ကြာသွားတော့ အနု ပညာ အလုပ် ပြန်ပြီး လုပ်ဖို့တော့ အစီအစဉ် မရှိဘူး။ အရင်တုန်းကတော့ “ပျဉ်းမငုတ်တို” ဇာတ်ကားထဲမှာ ကျော်ဟိန်းနဲ့ သရုပ်ဆောင် ခဲ့တယ်။ အဲဒီလိုမျိုး ဇာတ်ကားလေးတွေ ကို တီဗီ မှာပြန်ပြီး လွှင့်ပေးလို့ ကြည့် လိုက်ရတဲ့ အခါဆိုရင် ပြန်ပြီး သတိရ လွမ်းဆွတ်မိတယ်။ ငါငယ်ငယ် တုန်းက ဒီလိုမျိုး သရုပ်ဆောင်ခဲ့ တာပါလားလို့ ကြည့်ပြီး ကြည်နူး ပီတိဖြစ် မိတယ်။ ကိုယ့်ရဲ့ဇာတ်ကား လေးတွေကို အခု အချိန်ထိ တီဗီမှာ ပြန်ပြ
တာကို ကြည့်ပြီး ဂုဏ်လည်း ယူမိတယ်။ အသက်ပြန်ပြီး ငယ်သွား သလိုပဲ ခံစားရတယ်။ ဒါပေမဲ့ ပြန်ပြီး တော့ အနုပညာအလုပ်လုပ်ဖို့တော့ စိတ်ကူး မရှိတော့ပါဘူး”လို့ ပြောပါတယ်။
Popular Myanmar News Journal
No comments:
Post a Comment