Monday, September 2, 2013
ကျွန်တော့်ပရိသတ်တွေက ကိုယ့်မွေးနေ့ မှာ အမှတ်တရအလှူလုပ်ပေးတော့ ဝမ်းသာသလို၊ ဂုဏ်လည်း ယူပါတယ်။ ကိုယ့်အပေါ် အားပေးရုံတင်မကဘူး။ ကိုယ့်မွေး နေ့ကို အသိအမှတ်ပြုပြီး အလှူလုပ်ပေးတော့ ဝမ်းသာတယ်။ ဒီအလှူမှာ ကျွန်တော်လည်း ပါဝင်နိုင်ဖို့ စဉ်းစား ထားတယ်။ သူတို့ကတော့ သူတို့ ဘာသာ လုပ်နေကြတာ။ သူတို့နဲ့ ဆုံနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ မွေးနေ့မတိုင် ခင်ရက်မှာ ညလုံးပေါက် မနက်ထိ ရှုတင်ရှိနေရင် မွေးနေ့မနက်အစောကြီးတော့ မသွားနိုင်တော့ဘူး။ ဒါပေမဲ့ သွားဖြစ်ဖို့တော့ သေချာ သလောက်ရှိပါတယ်။ ကျွန်တော့်အတွက် လည်း စိတ်ထဲမှာ ကြည် ကြည်နူးနူးဝမ်းမြောက် ဝမ်းသာဖြစ်နေ မိတယ်။
ပရိသတ်နဲ့လည်း တွေ့ချင်တယ်” လို့ ပြောပြပါတယ်။မွေးနေ့အတွက်မွေးနေ့လက်ဆောင်ဆိုပြီး မျှော်လင့် မိတာမရှိပေမယ့် ပရိသတ်တွေဆီက လက်ဆောင်ကို အမြတ် တနိုးတန်ဖိုးထား ပါတယ်ဆိုတဲ့ နေတိုးက “မွေးနေ့ကိုတော့ အလှူလေးတွေပဲလုပ်ဖြစ်မယ်။ ဇီဝိတဒါနတွေ၊ ပရဟိတကျောင်းတွေဖြစ်မယ့် မွေးနေ့ လက်ဆောင် အတွက် ဆိုပြီးတော့ ရင်ခုန်တာတော့ မဖြစ်ပါဘူး။ ဒါပေမဲ့ ပရိသတ်တွေရဲ့ အမှတ်တရတွေ
ကိုတော့ မြတ်နိုးစွာနဲ့ အမြဲတမ်းတန်ဖိုးထားပါတယ်။
လက်ဆောင်တွေကတော့ ဘယ် သူရယ်လို့တော့မသိဘဲ ရောက်လာလေ့ရှိပေမယ့် ကြီးကြီးမားမားကြီးတော့ မျှော်လင့်ပါဘူး”လို့ ပြော ပြပါတယ်။နေတိုးက F4 ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)
နဲ့ ရိုက်ကူးနေပြီး ဒီ ဇာတ်ကားထဲမှာတော့ ချစ်သူရဲ့ အဖေအလိုအကျ ဆရာဝန်ဖြစ်အောင် ကြိုးစားရင်း ဥာဏ် မကောင်းတာကြောင့် တဖြည်းဖြည်းအိပ်ရေးပျက်ရင်း ဂေါက်သွားတဲ့သူတစ်ယောက်အဖြစ် သရုပ်ဆောင်
နေပါတယ်။
မေမွန်မောင်
Popular Journal
No comments:
Post a Comment