Wednesday, 04 September 2013
မိန်းကလေးများ၏ပညာသင်ကြားခွင့်ကိုနိုးဆွလှုံ့ဆော်ခဲ့ခြင်းကြောင့်တာလီဘန်တို့က ခေါင်းကိုသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့်ပါကစ္စတန်ကျောင်းသူမာလာလာယူဆာဇိုင်းကစာအုပ်များသည်“အကြမ်းဖက်မှုကိုအနိုင်ယူနိုင်သည့် လက်နက်များဖြစ်ကြောင်း”အင်္ဂါနေ့က အင်္ဂလန်နိုင်ငံရှိ စာကြည့်တိုက်သစ်ဖွင့်ပွဲ တစ်ခုတွင် ပြောကြားသည်။
အသက်၁၆ခြောက်နှစ်အရွယ်ရှိပြီဖြစ်သည့်မာလာလာသည်ဥရောပ၏အကြီးဆုံးပြည်သူ့စာကြည့်တိုက် ဖြစ်သည့် ဘာမင်ဟမ် စာကြည့်တိုက်သစ် ဖွင့်ပွဲတွင် မိန့်ခွန်းပြောခဲ့ခြင်း ဖြစ်သည်။
ပါကစ္စတန်တွင် ကျောင်းသွားနေစဉ် သေနတ်သမားပစ်မှတ်ထားတိုက်ခိုက်ခြင်းကြောင့်လွန်ခဲ့နှစ် အောက်တိုဘာတွင် လန်ဒန်သို့ ခွဲစိတ်ခံရန်ရောက်ရှိလာခဲ့သော မာလာလာက“ကျွန်မ စာအုပ် ထောင်ပေါင်းများစွာ ဖတ်မယ်။ ပြီးတော့ အသိပညာတွေနဲ့ ကိုယ့်ကိုယ်ကို စွမ်းအားပေးမယ်။ စာအုပ်တွေနဲ့ ဖောင်တိန်တွေဟာ အကြမ်းဖက်မှုကိုအနိုင်ယူမယ့်လက်နက်တွေ ဖြစ်ပါတယ်”ဟုဆိုကာသူမကိုယ်သူမစိန်ခေါ် ပြောကြားသည်။
“အသိပညာထက် ပိုမိုသာလွန်ကြီးမားတဲ့ လက်နက်မရှိဘူး။ ရေးသားထားတဲ့ စာလုံးတွေထက် ပိုမိုသာလွန် ကြီးမားတဲ့ အသိပညာ ရင်းမြစ်ဆိုတာ မရှိဘူး” ဟုလည်း ထပ်ပြောခဲ့သည်။
ယခုနှစ်နိုဘယ်ဆု ပေးမည့်စာရင်းတွင်အမည်တင်သွင်းခံထားရသောဆယ်ကျော်သက်မိန်းကလေးဖြစ်သည့် မာလာလာသည် ဘယ်ဘက်ပါးပြင် မသိမသာတင်းနေသည့် မျက်နှာနှင့် ယုံကြည်မှုရှိစွာ ပြောကြားသည်။
သူမ၏ခေါင်းကို တာလီဘန် သေနတ်သမားတို့က ပစ်ခတ်ခဲ့ကြခြင်းကြောင့် အသက်ဘေး နီးခဲ့ရသည့် သူမသည် ပါကစ္စတန် နိုင်ငံသားများစွာရှိသည့် ဘာမင်ဟမ်ကျောင်းတွင်တက်ရောက်သင်ကြားနေပြီးသူမ၏ မိသားစုသည်လည်းသူမနှင့်အတူ ပြောင်းရွှေ့လာရောက် နေထိုင်နေပြီဖြစ်သည်။
၁၉၇၀ခုနှစ်ပုံစံဖြစ်နေသည့်မြို့လယ်ပိုင်းကို အဆင့်မြင်တင်ရန်ရည်ရွယ်ပြုလုပ်သော စီမံကိန်းများစွာများထဲမှ တစ်ခုဖြစ်သည့် နည်းပညာမြင့်ပြုလုပ်ထားသော ဘာမင်ဟမ်စာကြည့်တိုက်သည်၁၉၇၄ခုနှစ်ဖွင့်လှစ်ခဲ့သော အနီးအနားရှိထုထည်ကြီးမားသည့်ကွန်ကရစ်ဖြင့် ပြုလုပ်ထားသောဗဟိုစာကြည့်တိုက်ကိုအစားထိုးခြင်း ဖြစ်သည်။
စာကြည့်တိုက်သစ်တွင် စာအုပ်သန်းပေါင်းများစွာရှိပြီး ဝီလျံရှိတ်စပီးယား၏ လက်ရာများ ပထမ ပုံနှိပ်မူများလည်း ရှိသည်။
The Myanma Age

No comments:
Post a Comment