Monday, September 09, 2013
လားရှိုးတွင် ရေကြီး၍ ကုန်သွယ်မှုရပ်ဆိုင်း
Monday, 09 September 2013
ရှမ်းပြည်နယ်လားရှိုးမြို့တွင်မိုးသည်းထန်စွာရွာသွန်းပြီးအေတီချောင်းရေတက်လာသဖြင့်ပြည်ထောင်စုလမ်းမကြီးလားရှိုးမူဆယ်လမ်းပိုင်းတွင်ရေငါးပေခန့်ဝင်ရောက်နေ၍ကုန်သွယ်မှုများရပ်ဆိုင်းထားရကြောင်းလားရှိုးမြို့ခံများကပြောကြားသည်။နှစ်ရက်ဆိုက်တိုက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်စက်တင်ဘာလ၇ရက်နေ့မှစတင်ကာရေကြီးလာခြင်းဖြစ်ပြီးယင်းနေ့ညနေပိုင်းတွင်ရေငါးပေခန့်မြင့်တက်လာသဖြင့်ကုန်တင်ယာဉ်များနှင့်အခြားယာဉ်များပါဖြတ်သန်းခွင့်ပိတ်လိုက်ကြောင်း၊ရေပြန်ကျခြင်းမရှိသေးသဖြင့်စက်တင်ဘာလ၈ရက်နေ့အထိ ကုန်သွယ်မှုများ ရပ်ဆိုင်းနေကြောင်း အဆိုပါဒေသခံများထံမှ သိရှိရသည်။
“ဒီနေ့တော့ (စက်တင်ဘာလ ၈ ရက်) လူတွေကို စက်လှေနှစ်စီးနဲ့ ပို့ပေးနေတယ်” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် အစီအစဉ်ဖြင့် လုပ်ဆောင်ပေးနေသည့်အခြေအနေကိုဒေသခံအမျိုးသားတစ်ဦးကရှင်းပြသည်။ ပြည်ထောင်စုလမ်းမကြီး၏အဆိုပါလမ်းပိုင်းတွင်အလျားပေ၅၀၀ခန့်ရေကြီးနေပြီးယင်းရေကြီးမှုဂယက်ကြောင့်လားရှိုးမြို့နှင့်မိုင်၂၀ခန့်ဝေးကွာသည့်နည်းပညာတက္ကသိုလ်တွင်ယနေ့စက်တင်ဘာလ၉ရက်စတင်စစ်ဆေးမည့် စာမေးပွဲကို အမှတ် ၃အခြေခံပညာအထက်တန်းကျောင်းသို့နေရာပြောင်းရွှေ့ကျင်းပမည်ဖြစ်ကြောင်း ကျောင်းသား များနှင့် ကျောင်းသားမိဘများ၏ပြောဆိုချက်အရသိရှိရသည်။ရေလည်းမကျသေးဘူး။မိုးလည်း သည်းနေတုန်းပဲ” ဟု လားရှိုး ဒေသခံ တစ်ဦးက စက်တင်ဘာလ ၈ ရက်နေ့ ည ၉ နာရီတွင် ပြောဆိုသည်။
လားရှိုးမြို့တွင် ယခုနှစ် သြဂုတ်လ ၂၆ ရက်နေ့ကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြည်ထောင်စု လမ်းမကြီးရှိ အဆိုပါလမ်းပိုင်းတွင် ရေကြီးခဲ့ပြီး ကုန်သွယ်မှု နာရီပိုင်းခန့် ရပ်တန့်ခဲ့ရသည်။
(LC၊ နေမျိုးနွယ်)
The Voice Weekly
Subscribe to:
Post Comments (Atom)

No comments:
Post a Comment