Wednesday, September 04, 2013

ဒေသစစ်ဖြစ်နိုင်ဟု အာဆတ်သတိပေး


Wednesday, September 4, 2013

လွန်ခဲ့သည့်လကသမ္မတဘာရှားအယ်လ်အာဆတ်၏သစ္စာရှိတပ်များကဓာတုလက်နက်အသုံးပြုတိုက်ခိုက်မှုပြုနေ ကြောင်း ပြင်သစ်ထောက်လှမ်း
ရေးအစီရင်ခံစာတစ်ရပ်တွင် ဖော် ပြခဲ့ပြီးနောက်ဆီးရီးယားသမ္မတအာဆတ်ကစစ်ရေးအရအရေးယူတိုက်ခိုက်မှုပြုခြင်းက ဒေသတွင်းတွင် စစ်မီးလောင်မြိုက်စေမည်ဖြစ်ကြောင်း သတိပေးပြော ကြားခဲ့သည်။

ဓာတုလက်နက်အသုံးပြုတိုက်ခိုက်ခြင်းအပေါ်စစ်ရေးအရအရေးယူတိုက်ခိုက်မည်ဟူသောရတက်မအေးဖွယ်ရာအသံများ ထွက်ပေါ်လာခဲ့ပြီးနောက်လွန်ခဲ့သည့်ရက်ကအာဆတ်အစိုးရကိုအရေးယူတိုက်ခိုက်ရေးနှင့်ပတ်သက်၍ ပြင်သစ်နိုင်ငံ၏အကြမ်းဖျင်း ပုံဖော်ထားသော စာမျက်နှာကိုးမျက်နှာပါ အစီရင်ခံစာ ထွက်ပေါ်လာကြောင်း သိရသည်။

ဆီးရီးယားအစိုးရအားစစ် ရေးအရအရေးယူတိုက်ခိုက်ရေးအတွက်အမေရိကန်လွှတ်တော်မှ ထောက်ခံမှုကိုရရှိရန် သမ္မတ အိုဘားမားက ဆုံးဖြတ်ခဲ့ချိန်တွင် မူအားလုံးကို အံ့အားတသင့်ဖြစ် စေခဲ့သည်။

အကြောင်းမှာအမေရိကန်ပြည်ထောင်စုကအာဆတ်၏တပ်များနှင့်အရေးပါသည့် နေရာများအားခရုစ်ဒုံးကျည် များဖြင့်ပစ်ခတ်တိုက်ခိုက်တော့မည်ဟုထင်မြင်နေချိန်တွင်သမ္မတအိုဘားမား၏ဆုံးဖြတ်မှုမှာ မျှော်လင့်ထားခြင်းမရှိသည့် အနေ အထားကို ဖြစ်စေခဲ့သည်ဟုဆိုသည်။

ဆီးရီးယားသမ္မတအာဆတ်ကမူဆီးရီးယားကိုစစ်ရေးအရအရေးယူတိုက်ခိုက်လာမှုအပေါ်မည်ကဲ့သို့တုံ့ပြန်မှုပြုမည်ကို မပြောနိုင်ကြောင်း၊သို့ရာတွင်ပထမဦးဆုံးတိုက်ခိုက်မှုအပြီးမည်ကဲ့သို့ဖြစ်လာမည်ကိုတွေ့မြင်ရမည် ဖြစ်ကြောင်း၊ ပေါက်ကွဲမှုများအတွင်း လူတိုင်းကိုထိန်းမနိုင်သိမ်းမရဖြစ်စေခြင်းဖြင့်ဝရုန်းသုန်းကားအခြေအနေများကိုပျံ့နှံ့ စေကာဒေသတွင်းစစ်ပွဲဘေး ဥပဒ်ဆီသို့ ဆိုက်ရောက်စေမည် ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု သိရသည်။

Yangon Media Group

No comments: