Wednesday, September 11, 2013

ပြင်သစ်နိုင်ငံတွင် ဆပ်ကပ်အဖွဲ့မှ ဆင်တစ်ကောင်၏ နှာမောင်းဖြင့် ရိုက်နှက်မှုကြောင့် အမျိုးသား တစ်ဦး သေဆုံး


 Wednesday, 11 September 2013
ပြင်သစ်နိုင်ငံပဲရစ်မြို့အနီးတွင်အသက်၄၈နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးသည် ဒေသတွင်း ဆပ်ကပ်အဖွဲ့မှ လွတ်မြောက်လာသော ဆင်တစ်ကောင်၏ နှာမောင်းဖြင့် ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ အဆို ပါဆင်သည် ပဲရစ်မြို့မှ ၅၀ ကီလိုမီတာခန့်အကွာ လီဇီ-ဆာ-အာ ရက်ခ်ဒေသတွင် စက်တင်ဘာ၈ ရက် နေ့လယ်ပိုင်းက ပြုလုပ်သော ဆပ်ကပ်ပွဲ၌ တင်ဆက် ကပြပြီးနောက် အဆို ပါဆင်အား တာဝန်ရှိ သူများက ၎င်းကို ထားရှိရာ ခြံဝင်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့ ကြောင်း သိရသည်။

ယင်းနောက်တွင်အဆိုပါဆင်သည်၎င်းအားလှောင်ထားသောခြံဝင်းအားကာရံထားသည့် အကာအရံများကို ဖျက်ဆီးပြီး တိုက်ခိုက်ခြင်း ခံရသည့် ယင်းအမျိုးသားဆီသို့ ဦးတည်လာပြီး နောက် နှာမောင်းဖြင့် ရိုက်နှက်ကာ နင်းချေ ခဲ့ကြောင်း သိရသည်။ အမည်မသိ အဆိုပါ အမျိုးသားအား ဆေးရုံသို့ ပို့ဆောင် ခဲ့သော်လည်း ရရှိထားသော ဒဏ်ရာများကြောင့် စက်တင်ဘာ ၈ ရက်ညက သေဆုံးခဲ့ကြောင်း သိရသည်။  

မြ၀တီ

No comments: