Tuesday, September 10, 2013
အနုပညာလောကမှာအကယ်ဒမီထူးချွန်ဆု၆ဆုမှတ်တိုင်စိုက်ထူနိုင်ခဲ့သူဖြစ်တဲ့ရန်အောင်ကိုအနုပညာဖန်တီးရာမှာ ဆင်ဆာ တွေနဲ့ပတ်သက်ပြီး တစေ့တစောင်းမေးကြည့်ဖြစ်ရာ "ဆင်ဆာလွတ် လပ်ခွင့်တွေပေးတာ အများကြီးကြိုဆိုဝမ်းသာတယ်။
အရင်တုန်းက ဆိုရင်သွေးထွက်သံယိုတွေ တအားမပြရဘူး။ပါးရိုက်လို့မရ၊ လက်သီးထိုးလို့မရဘူး။ခုံပေါ်ခြေထောက်မထင်ရဘူး။ဒါမျိုးတွေကဇာတ်ရုပ်အရလိုအပ်တဲ့အခါမျိုးမှာလုပ်ခွင့်ရှိလာတာကဝမ်းသာပါတယ်။ဒါပေမဲ့မိသားစုတွေအားလုံးထိုင်ကြည့်နေတဲ့အချိန်မျိုးမှာမပြသင့်တဲ့ရိုက်ချက်မျိုး၊မပြောသင့်တဲ့စကားမျိုး၊မိသားစုချင်းမျက် နှာပူရမယ့်ကိစ္စမျိုးက အစ်ကိုတို့နိုင်ငံအတွက်၊ဓလေ့ထုံးစံအတွက် နည်း နည်းစောနေသေးတယ်လို့ ထင်တယ်။
အနောက်နိုင်ငံနဲ့ ယဉ်ကျေးမှု ချင်း၊ ပွင့်လင်းမှုချင်း၊ ခံယူချက် ချင်း မတူပါဘူး။ အစ်ကိုတို့ နိုင်ငံက အရှက်အကြောက်ကြီးတယ်။
ဟီရိသြတပ္ပတရားဆိုတာကို လက် ကိုင်ထားကြတယ်။အာရှနိုင်ငံတော်တော် များများက သူတို့ ဇာတ်ကား တွေရိုက်ရင်အခုနောက်ပိုင်းကျမှ ပွင့်ပွင့်လင်း လင်းပြောရရင် အိန္ဒိယ၊တရုတ်၊ကိုရီးယားဆိုLipKissခန်းကိုမဖြစ်မနေတစ်ခါတလေမှပြတယ်။အကြာကြီးတောင်မပြပါဘူး။ဒါတွေကကိုယ့်နိုင်ငံအတွက် နည်း နည်းစောနေသေးတယ်လို့ယူဆမိပါတယ်" လို့ပြောပြပါ တယ်။
ဆင်ဆာလွတ်လပ်ခွင့်တွေအပေါ်ထောက်ညွှန်နဲ့ပြန်လည်လုပ်လာတဲ့အပေးအရင်လိုမဲပြာပုဆိုးမဖြစ်ပါစေနဲ့လို့လည်းပြောပြတဲ့ ရန် အောင်က "ဒါပေမဲ့ဆင်ဆာကိုထောက်ညွှန်အနေနဲ့လုပ်တာကလည်း ဖြစ် သင့်တယ် လို့ထင်သလိုနဂိုအတိုင်း မဲပြာပုဆိုးပြန် မဖြစ်ပါစေနဲ့ လို့ ဆုတောင်းပါတယ်။ဆင်ဆာလွတ်လပ်ခွင့်တွေရလာ တော့ဇာတ်ရုပ်တွေ အများကြီးလုပ်လို့ရလာ တယ်။ သူ့ ဇာတ်ရုပ်နဲ့သူ ဆံပင်နီဆိုနီပါ၊ သွေးထွက်သံယိုရှိလို့၊ ဒါကို ရင်နာရမှာမို့လို့ဒီလိုရိုက်ချင်တဲ့ဆန္ဒရှိရင်ရိုက်ခွင့်ပေးပါ။ ဒီလိုကနေ ဒီလိုဇာတ်တွေဖြစ်လာတယ်ဆိုတာ လက်ခံ ရမှာပါ။နိုင်ငံတကာမှာလည်း ဒီလိုပဲ လေ။ အရင်ကဆိုဇာတ်လမ်းစိစစ်ရေးက တစ်ခါကြပ် တယ်၊ဆင်ဆာ ကတစ်ခါကြပ်တယ်။
အဲဒါကြောင့် မဲပြာပုဆိုးထဲကမလွတ်ဘူး ဆိုတဲ့အပြောမျိုးခံခဲ့ ရဖူးပါတယ်။အခုတော့အဖန်တစ်ရာ ဒီဇာတ်ကနေ
ထွက်လာပြီဆိုပေမယ့်မြန်မာ့ထုံးတမ်းအစဉ်အလာ နဲ့ မကိုက်တဲ့ပုံစံမျိုးလေးေ တွတော့ နည်းနည်း စောပါသေးတယ်။နောက်အနှစ် ၁၅ နှစ်လောက်ဆိုအကုန်ခေတ်မီတိုးတက်လာတယ်။အမြင်တွေ ပွင့်လင်း လာတယ်ဆို တစ်မျိုးပေါ့" လို့ပြောပြပါတယ်။
မေမွန်မောင်
Popular Journal
No comments:
Post a Comment