Monday, September 2, 2013
ဘီလာရုစ်မှာ ကျင်းပနေတဲ့ Miss Supranational 2013 ကိုဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံ ကိုယ် စားပြုအလှမယ် ခင်ဝင့်ဝါ၏ ခဲခြစ်ပုံတူအား ခင်ဝင့်ဝါပရိသတ်တစ်ဦးဖြစ်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးမှ သိန်းရာဂဏန်းနီးပါးဖြင့် ၀ယ်ယူရန်ဆက်သွယ်လာကြောင်း ခဲခြစ်ပုံတူဆွဲသူထံမှ ပြောကြားခဲ့တယ်လို့ သိရ သည်။
မည်သည့် ငွေပမာဏဖြင့် ၀ယ်ယူမည်ဆိုသည်ကို တိတိကျကျမသိရသေးပေ။
ဝယ်ယူရတဲ့ အကြောင်းရင်းက ယခုကဲ့သို့ နိုင်ငံတကာနှင့်ယှဉ်၍ မြန်မာဆိုတာကမ္ဘာသိအောင် အရှက်တရား ကို ဘေးချိတ်ပြီး Miss Supranational 2013မှာ မြန်မာ့ဂုဏ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ခဲခြစ်ပုံတူဆွဲသူကလည်း အဆိုပါရောင်းလို့ ရရှိလာမယ့် ငွေတွေကို ခင်ဝင့်ဝါကို ပေးအပ်ဖို့စီစဉ်သွားမှာဖြစ်ပြီး လက်မခံပါက လူမှုရေးလုပ်ငန်းတွေမှာ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အရှက်ကိုမငဲ့ကွက်ဘဲ မြန်မာဆိုတာ ကမ္ဘာကသိဖို့ Bikini ၀တ်ယှဉ်ပြိုင်ရဲတဲ့ ခင်ဝင့်ဝါ အပေါ် အွန်လိုင်းပေါ်မှ ချီးကျူးမှုတွေများပြားခဲ့ပြီး အဆိုပါ ခဲခြစ်ပုံတူကို သိန်းချီပေးဝယ်မည့်သူအား ချီးကျူးလျက်ရှိကြောင်း သိရ ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပညာရေးကွန်ရက် (၂)နှစ်ပြည့် ရန်ပုံငွေ ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေ ပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဝတ်ဆင်ခဲ့တဲ့ ဆွယ်တာအဟောင်းကို သိန်း ၆၃၀ ဖြင့်လေလံဆွဲခံခဲ့ ရပါ တယ်။ လေလံဆွဲသူမှ မည်သည့်ရည်ရွယ်ချက်ဖြင့် ၀ယ်ခဲ့တယ်ဆိုတာမသိခဲ့ရသလိုရောင်းရငွေတွေကိုလည်း မည်သည့်နေရာတွေမှာ သုံးခဲ့မှန်းမသိခဲ့ရပါဘူး။
ဒါ့အပြင် ၀တ်ပြီးသားဆွယ်တာတစ်ထည်အပေါ် ဘာရည် ရွယ်ချက်နဲ့ အမြတ်ထုတ်ချင်လို့ဝယ်ခဲ့မှန်းမသိကြ၍ ဝေဖန်မှုများလည်း ပေါ်ထွက်ခဲ့ဖူးပါတယ်။
မြန်မာ့ရောင်စဉ်

No comments:
Post a Comment