Friday, September 06, 2013

ကချင်၌ တိုက်ပွဲငယ်များ ဆက်ဖြစ်နေခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကို ယုံကြည်မှု အားနည်းလာ


Friday, September 6, 2013


ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ရလဒ်ကို ဒေသ ခံများ ယုံကြည်မှုအားနည်းလာကြောင်း ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူ က ပြောကြားသည်။

”အောက်ခြေမှာ ခဏခဏ ပြန် ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အုပ်ချုပ် ရေး ပိုင်းက လုပ်တဲ့ဆွေးနွေးမှုကို ခိုင်မာမှုနည်းတယ်လို့ ထင်လာတယ်။ ဒါ ကြောင့် လွှတ်တော်ကို အားကိုးလာကြတယ်။ ဘာကြောင့် ပြန်ဖြစ် နေတာလဲဆိုတာ ဆွေးနွေးမှုရလဒ် မခိုင်မာလို့ပါ ပဲ” ဟု ၄င်းက စက်တင်ဘာ ၃ ရက်နေ့တွင် ပြောသည်။


ယခု ရက်ပိုင်းအတွင်း ကချင်ပြည် နယ် ပူတာအိုနှင့် ဆွမ်ပရာဘွမ်ကြား တွင် တပ်မတော်နှင့် ကေအိုင်အေ တို့ တိုက်ပွဲငယ်များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဒေသခံ ကချင်ပြည်သူများ နှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများသည် ထပ်မံစိုးရိမ်နေရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း၊ တောင် ပေါ်ဒေသ နေသူများသည် စစ်ဘေးတိမ်းရှောင်မှုကို အသွားအပြန် ပြုလုပ် နေရကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ၏ ကိုယ်ရေးအရာရှိ ရဲမှူး ကျော်ဇေယျာ ဝင်းက ”အသေးစိတ်ကို ပြော လို့မရ သေးဘူးခင်ဗျ”ဟု ပေါ်ပြူလာနယူးစ်၏ မေးမြန်းမှုကို စက်တင်ဘာ ၃ ရက်နေ့တွင် ဖြေကြားခဲ့သည်။

”ဆွေးနွေးနေတဲ့အပိုင်းကို မြန်မြန် လုပ်စေချင်တယ်။ ဆွေးနွေးပွဲတစ်ခုနဲ့ တစ်ခုကြားကြာလာတာနဲ့ဆက်ဖြစ် နေတာပဲ” ဟု ဒေါ်ဒွဲဘူက ၄င်း၏အမြင်ကို သုံးသပ်သည်။

လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေး ပွဲရလဒ်ကို ကေအိုင်အေနှင့် မြန်မာတပ် မတော်ကြား အထင်အမြင်လွဲ မှားသော အတွေးများ ထားရှိရန်မသင့်ဘဲ ကြားလူ ဝင်ရောက် ဖြေရှင်းသည့်နည်းလမ်းကိုလည်း မသုံးစေ ချင်ကြောင်း၊ တပ်မတော်အနေဖြင့်လည်း မိမိတိုင်းပြည်ကို ကာကွယ်ရန်အတွက် မိမိတို့၏ တိုင်းရင်းသား လူမျိုးအရေးကိုပါ ကာကွယ်ပေးရမည်ဖြစ်ကြောင်း ဒေါ်ဒွဲဘူ က ထပ်လောင်းပြောသည်။

”သို့လော သို့လောတွေ နှစ်ဖက် ရှိလာတယ်။ ဒါမျိုးဟာ ရလဒ်ကောင်း မဟုတ်ဘူး။ကိုယ့်တိုင်းရင်းသားတွေကို ကာကွယ်ပေးနိုင်မှ ကိုယ့်တိုင်းပြည် ကို ကာကွယ်နိုင်မှာပါ” ဟု ၄င်းကဆိုသည်။

ထို့ပြင် ”ကေအိုင်အေနဲ့ တပ်မ တော်တွေ့ဆုံဖို့ ရွာတစ်ရွာ သတ်မှတ် ထူထောင်ပေးနိုင်မလား။ အဖြေထွက်ဖို့ လိုနေပါတယ်။ တွေးတာမတူရင် အဓိပ္ပာယ် မရှိဘူး” ဟုဒေါ်ဒွဲဘူက ငြိမ်းချမ်း ရေး ဆွေးနွေးမှုအပေါ် ထပ် လောင်းသုံးသပ်သည်။

လက်ရှိတွင် ကချင်ပြည်နယ် အတွင်း စစ်ဘေးကြောင့် ဒုက္ခသည် တစ်သိန်းကျော်ရှိနေပြီး ကေအိုင်အေ အဖွဲ့၏ တိကျသော ဒုက္ခသည် စာရင်း ကို မသိရကြောင်း ပြော ကြားခဲ့သည်။

အောင်ထက်(NYK)
Popular Myanmar News Journal

No comments: