Friday, September 06, 2013

လူမျိုးဘာသာမရွေးကူညီနိုင်ရန် ဂေါ်ရခါးလူငယ်များစုပေါင်း၍ နာရေး ကူညီမှုကား ၀ယ်ယူမည်


 Friday, September 6, 2013
လမ်းခရီးသွားလာရင်းယာဉ်မတော်တဆဖြစ်ပွားသူများနှင့်နာရေးကိစ္စအခက်အခဲကြုံတွေ့သူများအားကူညီ ပေးနိုင်ရန်အတွက်ကျောက်မဲမြို့ရှိဂေါ်ရခါးလူငယ်များအဖွဲ့များစုပေါင်း၍နာရေးကူညီမှုကားဝယ်ယူမည်ဖြစ်ကြောင်းကျောက်မဲမြို့ဂေါ်ရခါးလူငယ်အဖွဲ့ထံမှသိရသည်။ကျွန်တော်တို့လူမျိုးတွေကအဓိကစိုက်ပျိုးမွေမြူ ရေး ကိုပဲလုပ်ကိုင်ကြပြီးရွာတွေမှာပဲနေကြတာများတော့မျက်စိသိပ်မပွင့်ကြဘူးလေ။ပညာပိုင်းမှာလည်းအားနည်းကြတော့ အားငယ်စိတ်ကလေးတွေ ရှိကြတယ်။


ကျနော်တို့ အနေနဲ့ လူငယ်တွေကြားမှာဖြစ်ပေါ်နေတဲ့ဒီလိုစိတ်တွေပျောက်ပြီးအများနဲ့တန်းတူ လုပ်ကိုင်ရဲအောင်လို့ ဒီလိုဖွဲစည်းပေးတာပါ။နာရေးကူညီမှုကားရောက်လာရင်တော့လူငယ်တွေအတွက် ပိုပြီးအဆင်ပြေလာမယ်လို့ ထင်ပါတယ်”ဟုကျေက်မဲမြို့ဂေါ်ရခါးလူငယ်များ ဥက္ကဋ္ဌဦးလခ်ျမန်း(ကာရကီး)က ပြောသည်။အဆိုပါလူငယ်အဖွဲ့အားဖွဲ့စည်ထားသည်မှာနှစ်လခန့်ရှိပြီဖြစ်ကြောင်း၊နာရေးကူညီမှုကားဝယ်ယူနိုင်ရန်အတွက်အလှူရှင်များထံမှလည်း အလှူငွေများ လက်ခံရရှိထားပြီးဖြစ်ကာ နိုဝင်ဘာလတွင်ဝယ်ယူနိုင် မည် ဖြစ်ကြောင်း သိရသည်။

 နာရေးကူညီမှုရုံးခန်းအတွက်လည်းမြေနေရာဝယ်ယူထားပြီးဖြစ်ကာအဆောက်အဦးထပ်မံဆောက်လုပ်သွားမည်ဖြစ်ကြာင်းလူငယ်များကပြောကြသည်။“အရင်တုန်းကဆိုရင်ကျွန်တော်တို့ လူငယ်တွေဘာလုပ်ရမှန်း မသိကြဘူး။ဘယ်လိုကိစ္စမဆိုကိုယ်နဲ့ မဆိုင်သလိုပဲနေခဲ့ကြတာ။အခုဒီလိုလုပ်ပေး လိုက်တော့ ကျွန်တော်တို့ လူငယ်တွေလည်းမျက်စိပွင့်တာပေါ့။ ပြီးရင်စုပေါင်းလုပ်ဆေင်တဲ့ အကျင့်လည်း ရသွားမယ်။ ဒေသအကျိုးကို လည်း တတ်နိုင်တဲ့ဘက်က ကူညီလို့ ရသွားမယ်”ဟု ကျေက်မဲမြို့ ဂေါ်ရခါး လူငယ်တစ်ဦးက ပြောသည်။

 ကျောက်မဲးမြို့နယ်အတွင်းဂေါ်ရခါးလူမျိုး(၃)ထောင်ကျော်နေထိုင်ကြပြီး လူငယ်အသင်းအတွက် အင်အား(၃၅၀)ဖြင့် ဖွဲ့စည်းထားကာ အမာခံ လှုပ်ရှားသူမှာ (၆၅)ဦးရှိကြာင်း အသင်းအတွက် နာရေးကူညီမှုကား ရောက်ရှိလာပါက လူမျိုးဘာသာမရွေး နာမှုကူညီပေးသွာမည်ဖြစ်ကြောင်း အဆိုပါအသင်းတာဝန်ရှိသူထံမှ သိရသည်။ ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံလုံးဆိုင်ရာဂေါ်ရခါးဟိန္ဒူဓမ္မအဖွဲ့ချုပ်သို့ တင်ပြထားပြီး ဆက်လက် ဆောင်ရွက်ကြ ရန်နှင့် လူငယ်များအား အဓိကထား စည်ရုံးဆောင်ရွက်ကြရန် နှိုးဆော် ထားသဖြင့် ယခုကဲ့သို့ ဆာင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။ စိုင်းကံသာ(လားရှိုး)

 The Myanma Age

No comments: