Thursday, September 19, 2013

Mobile Team များဖြင့် ကိုးလအတွင်း ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီရမိဟု ထုတ်ပြန်


Thursday, September 19, 2013 
MobileTeamများဖြင့်တရားမ၀င်ကုန်သွယ်မှုများဖမ်းဆီးခဲ့သည့်ကိုးလအတွင်းအကောက်ခွန်အမှုတွဲပေါင်း၁၈၀၅မှုနှင့်ကျပ်ငွေ၆ဒသမ၃ဘီလီယံတန်ဖိုးရှိတရားမ၀င်ကုန်စည်များဖမ်းဆီးရမိခဲ့ကြောင်းတရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီဥက္ကဋ္ဌဦးဝင်းမြင့်ကပြောကြားခဲ့သည်။တရားမ၀င်ကုန်စည်များဝင်ရောက်နေမှုနှင့်တရားမ၀င်ခိုးထုတ်နေမှုများကိုMobileTeamများဖွဲ့စည်းပြီး၂၀၁၂ခုနှစ်၊နိုဝင်ဘာလမှ၂၀၁၃ခုနှစ်၊သြဂုတ်လဆန်းပိုင်းအထိကိုးလတာကာလအတွင်းအကောက်ခွန်အမှုတွဲပေါင်း၁၈၀၅မှု၊ ဖမ်ဆီးရမိတန်ဖိုး ကျပ်ငွေ ၆ ဒသမ၃ဘီလီယံခန့်တန်ဖိုးရှိတရားမ၀င်ကုန်ပစ္စည်းများကိုနိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင် ခဲ့ကြောင်းထုတ်ပြန်ခဲ့သည်။တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ကွပ်ကဲမှုဖြင့်MobileTeamများဖွဲ့စည်းကာမူဆယ်မန္တလေးလမ်းကြောင်း၊မြ၀တီရန်ကုန်လမ်းကြောင်းများတွင်ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

''တိုင်းဒေသကြီးပြည်နယ်အစီအစဉ်နဲ့ လုပ်ငန်းဆောင်ရွက်လျက်ရှိပေမယ့်ဗဟိုကော်မတီ အနေနဲ့ လိုအပ်တဲ့ စိစစ်ကြပ်မတ်မှုများနဲ့ သတင်းရရှိမှုအပေါ် မူတည်ကာ တားဆီးစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါတယ်။ ဗဟိုကော်မတီရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနီးတစ်ဝိုက်မှာ စခန်းထုတ်နှုန်းအင်အားများနဲ့တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်လျက်ရှိပါ တယ်'' ဟု ဦးဝင်းမြင့်က ဆိုသည်။ သို့သော် မြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်များအတွင်းလုပ်ငန်းများဝင်ရောက်ဆောင်ရွက်ရန်လုံခြုံရေးကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီးပဲခူးတိုင်းဒေသကြီးအတွင်းမှာသာဆောင်ရွက်နိုင်သေးကြောင်းဆက်လက်ပြောကြားခဲ့သည်။

တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုများ တွင်စက်သုံးဆီ၊ တယ်လီဖုန်း ဟန်းဆက်များ၊ အရက်၊ ဘီယာ၊ စီးကရက်များ အများအပြား ပါဝင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများဖြင့် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ တရားမ၀င် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဦးဝင်းမြင့်က ဆက်လက် ပြောကြားခဲ့သည်။ eleven media group Mobile Team များဖြင့် ကိုးလအတွင်း ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီရမိဟု ထုတ်ပြန် Thursday, September 19, 2013 Mobile Team များဖြင့် တရားမ၀င် ကုန်သွယ်မှုများ ဖမ်းဆီးခဲ့သည့် ကိုးလအတွင်း အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှုနှင့် ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံ တန်ဖိုးရှိ တရားမ၀င် ကုန်စည်များ ဖမ်းဆီးရမိခဲ့ကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားခဲ့သည်။

တရားမ၀င် ကုန်စည်များ ၀င်ရောက်နေ မှုနှင့် တရားမ၀င် ခိုးထုတ်နေ မှုများကို Mobile Team များဖွဲ့စည်းပြီး ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ဆန်းပိုင်းအထိ ကိုးလတာ ကာလအတွင်း အကောက်ခွန် အမှုတွဲပေါင်း ၁၈၀၅ မှု၊ ဖမ်ဆီးရမိတန်ဖိုး ကျပ်ငွေ ၆ ဒသမ ၃ ဘီလီယံခန့် တန်ဖိုးရှိ တရားမ၀င်ကုန်ပစ္စည်းများကို နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင် ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ကွပ်ကဲမှုဖြင့် Mobile Team များ ဖွဲ့စည်းကာ မူဆယ်-မန္တလေး လမ်းကြောင်း၊ မြ၀တီ-ရန်ကုန် လမ်းကြောင်းများတွင် ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ် သည်။ ''တိုင်းဒေသကြီး ပြည်နယ်အစီအစဉ်နဲ့ လုပ်ငန်းဆောင်ရွက်လျက် ရှိပေမယ့် ဗဟိုကော်မတီ အနေနဲ့ လိုအပ်တဲ့ စိစစ်ကြပ်မတ်မှုများနဲ့ သတင်းရရှိမှုအပေါ် မူတည်ကာ တားဆီးစစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိပါတယ်။

ဗဟိုကော်မတီရဲ့ တိုက်ရိုက်ကွပ်ကဲမှုနဲ့ နယ်စပ် ကုန်သွယ်ရေး စခန်းများ အနီးတစ်ဝိုက်မှာ စခန်းထုတ်နှုန်း အင်အားများနဲ့ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် လျက်ရှိပါ တယ်'' ဟု ဦးဝင်းမြင့်က ဆိုသည်။ သို့သော် မြ၀တီ-ရန်ကုန် ကုန်သွယ်မှု လမ်းကြောင်းတွင် မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်များအတွင်းလုပ်ငန်းများဝင်ရောက်ဆောင်ရွက်ရန်လုံခြုံရေးကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီးပဲခူးတိုင်းဒေသကြီးအတွင်းမှာသာဆောင်ရွက်နိုင်သေးကြောင်းဆက်လက်ပြောကြားခဲ့သည်။ တရားမ၀င် ကုန်ပစ္စည်း တင်သွင်းမှုများ တွင်စက်သုံးဆီ၊ တယ်လီဖုန်း ဟန်းဆက်များ၊ အရက်၊ ဘီယာ၊ စီးကရက်များ အများအပြား ပါဝင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံများဖြင့် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ ဘီလီယံများစွာ တရားမ၀င် ကုန်သွယ်မှုများ ပြုလုပ်လျက်ရှိကြောင်း ဦးဝင်းမြင့်က ဆက်လက် ပြောကြားခဲ့သည်။

 eleven media group

No comments: