ထိုင်းနိုင်ငံမဲဆောက်မြို့မှ မြန်မာနိုင်ငံသို့ Nok Air မှ ပျံသန်းသည့် အစီအစဉ်နှင့် ပထမဆုံးတရားဝင် ကွင်းဖွင့် ပွဲကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁) နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်က မော်လမြိုင် လေဆိပ်တွင် Nok Air လေကြောင်းလိုင်းမှ ပထမဆုံး ခရီးသည် ၃၄ ယောက်ဆံ့သည့် HS -GBF လေယာဉ်ငယ်ဖြင့် ခရီးသည် ၃၃ တင်ဆောင်ပြီး ပထမဦးဆုံး တရားဝင် ဆင်းသက်ခဲ့စဉ်။
အဆိုပါ လေယာဉ်သည် မော်လမြိုင်လေဆိပ်တွင် ၁၅ မိနစ်ခန့် အနားယူပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့
ခရီးသည်တစ်ဦးဖြင့် ပြန်လည်ထွက်ခွာသွားသည်။ ပထမဦးဆုံးအနေဖြင့် အချိန်ထွက်အခွာမှုနှင့် စီမံခန့် ခွဲမှုတို့ကြောင့် မဲဆောက်ခရီးစဉ်သို့ လိုက်ပါရန်ရှိသော မြန်မာခရီးသည်နှစ်ဦး လေဆိပ်တွင် လေယဉ်မမှီပဲ ကျန်ရှိခဲ့သည်။
No comments:
Post a Comment