Friday, October 11, 2013

အသင်းအဖွဲ့မှတ်ပုံတင်ကြေး ငါးသိန်းကို အမြင့်ဆုံး ငါးသောင်းအထိ လျှော့ချလိုက်



Thursday, October 10, 2013


လူမှုရေးအသင်းအဖွဲ့များအနေဖြင့် တရားဝင်မှတ်ပုံတင်မည်ဆိုပါက မှတ်ပုံတင်ကြေး ငါးသိန်း ပေးဆောင်ရ မည်ဆိုသော အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသောအချက်အား မှတ်ပုံတင်ကြေး ငါးသောင်းအထိ လျှော့ချလိုက်ကာ ရပ်ကွက်အလိုက် လူမှုရေးအသင်းအဖွဲ့ငယ်များအနေဖြင့် မှတ်ပုံတင်ကြေးပင် ပေးစရာမ လိုသည်အထိ ပြင်ဆင်လိုက်သည်ဟု အောက်လွှတ်တော်အမတ် ဦးရဲထွန်းက မဇ္ဈိမကို ပြောသည်။

ထိုသို့ပြင်ဆင်ခြင်းကို သြဂုတ်လ ၁၉ ရက်မှစတင်ကာ ပြင်ဆင်လိုက်ခြင်း ဖြစ်သော်လည်း အောက်တို ဘာ လ ၉ ရက်တွင် နေပြည်တော်၌ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သတ်၍ လွှတ်တော်နှစ်ရပ်မှ အ မတ်များ၊ လွှတ်တော်ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် လူမှုရေး အ သ င်းအဖွဲ့တချို့ ပါဝင်ဆွေးနွေးရာ၌ ထုတ်ဖော်ပြောကြားလိုက်ခြင်း ဖြစ်သည်။

“မြို့နယ်အဆင့် အသင်းအဖွဲ့တွေဆို မှတ်ပုံတင်ချင်လည်းတင် မတင်ချင်လည်းရတယ်။ မှတ်ပုံတင်ကြေးက (သုည)၊ ပြည်နယ် တိုင်းဒေသကြီးအဆင့်ဆိုရင် နှစ်သောင်း၊ မှတ်ပုံတင်ချင်လည်း ရတယ်။ မတင်ချင်လည်း ရတယ်။ တစ်ပြည်လုံးအဆင့် လှုပ်ရှားမယ့်အဖွဲ့ဆိုရင်တော့ ငါးသောင်း။ ဒီအဖွဲ့တွေထဲမှာ နိုင်ငံရေးပါတီေ တွလည်း ပါဝင် လှုပ်ရှားလို့ရမယ်” ဟု ဦးရဲထွန်းက ပြောသည်။

သို့သော် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေးလုပ်သူများ၊ ပြည်တွင်းတွင် လူမှုရေး လာရောက် လုပ်ကို င်သော နိုင်ငံတကာအဖွဲ့အစည်းများကမူ အသင်းအဖွဲ့ဆိုင်ရာဥပဒေအရ မှတ်ပုံတင်ရန် လိုအပ်သော် လ ည်း တရားဝင် မှတ်ပုံတင်ကြေးကိုမူ မူလက ငါးသိန်း သတ်မှတ်ထားရာမှ ငါးသောင်းအထိ လျှော့ချပေးသည် ဟု ဦးရဲထွန်းက ပြောသည်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းတွင် ပါရှိသော မှတ်ပုံတင်ကြေးအပါအ၀င် အချက်အတော်များများကို ပြင် ဆင် သတ်မှတ်လိုက်သည်ဟုလည်း သိရသည်။

“မန္တလေးက ဗြဟ္မစိုရ်လူမှုရေးအသင်းဥက္ကဋ္ဌ ဒေါက်တာဦးဝင်းမြင့်က အခုပြင်ဆင်ထားတဲ့ ဥပဒေကြမ်းက ၉၀ ရာခိုင်နှုန်း ကောင်းမွန်တယ်လို့ ပြောတယ်”ဟု အောက်တိုဘာလ ၉ ရက်က နေပြည်တော် ဆွေးနွေးပွဲတွင်
ပြောခဲ့သော ဦးဝင်းမြင့်၏ သုံးသပ်ချက်ကို ဦးရဲထွန်းက ပြောသည်။

အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများက ပေးပို့ထားသည့် ဖြ ည့်စွက်လိုသည့် အချက်များကို အောက်တိုဘာလ ၁၀ ရက်က နေပြည်တော်တွင် ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များက ပေးပို့ထားသော အချက်များကို ဖြည့်စွက်ရန် လ က်ခံခဲ့သည်။

Mizzima - News in Burmese

No comments: